BBC navigation

ရခိုင်၊ ဗမာ၊ သက် ဒုက္ခသည် ငါးထောင်ကျော်

နောက်ဆုံး ရေးသားချိန် 10 ဇွန်လ 2012 - 16:39 GMT

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ဘင်္ဂါလီ မွတ်ဆလင်တွေက နေအိမ်တွေကို မီးရှို့၊ အပြစ်မဲ့ လူတွေကို တိုက်ခိုက် ရန်ပြုခဲ့တာတွေကြောင့် နောက်ဆုံး သိရတဲ့ သတင်းတွေ အရနဲ့ ဒေသခံတွေကို ဘီဘီစီက မေးမြန်း စုံစမ်းချက် တွေအရ လူ ၇ ဦး သေဆုံး၊ ၁၇ ဦး ဒဏ်ရာ ရပြီး ထွက်ပြေး နေရတဲ့ ရခိုင်၊ ဗမာ၊ သက် လူမျိုး ဒုက္ခသည်တွေက ငါးထောင် ကျော် ရှိတယ်လို့ သိရပါတယ်။

Houses Burning Down in Maung Daw

မောင်းတောမြို့မှာ ဘင်္ဂါလီ မွတ်ဆလင်တွေက အိမ်တွေ မီးရှို့၊ လူတွေကို တိုက်ခိုက် ရန်ပြုတာတွေ လုပ်ခဲ့လို့ သေဆုံးမှုတွေ ရှိခဲ့

မောင်တောမြို့၊ အောင်မြေ ဗောဓိ ဓမ္မရိပ်သာ အလိုတော်ပြည့် ကျောင်းတိုက်က ဦးမဏိသာရ ကတော့ သူတို့ကျောင်း တကျောင်းထဲမှာပဲ စောင့်ရှောက် ထားရတဲ့ ဒုက္ခသည် ရခိုင်၊ ဗမာ၊ သက် လူမျိုးတွေ ၄၇၂ ဦးရှိပြီး၊ ဒီ ဒုက္ခသည် တွေဟာ စားရမဲ့၊ နေစရာမဲ့ ဖြစ်နေလို့ ကိုယ့်လူမျိုးကို ကိုယ်ကာကွယ် စောင့်ရှောက် ထားတာလို့ ဘီဘီစီကို မိန့်ပါတယ်။

ဘင်္ဂါလီ မွတ်ဆလင်တွေရဲ့ အကြမ်းဖက်မှု၊ တိုက်ခိုက်မှု၊ အိမ်မီးရှို့မှုတွေကြောင့် နေအိမ်တွင်းမှာပဲ ပိတ်မိ မီးလောင် သေဆုံးသူလည်း ရှိခဲ့တယ်လို့ ဦးမဏိသာရက ဘီဘီစီကို ပြောပါတယ်။

အာဏာပိုင်တွေဟာ အဓိကရုဏ်းတွေကို အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့တယ်၊ ကြောက်လန့်အောင် ခြောက်လှန့်ပြီး ပစ်ခတ်တဲ့အခါ ဘင်္ဂါလီ မွတ်ဆလင်တွေက ပုဆိုး လှန်ပြကြတယ် လို့လည်း သူက ဆိုပါတယ်။

အခုနောက်ဆုံးတော့ ပုဒ်မ ၁၄၄ ထုတ်ပြန် ထားတာတောင် ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ တည်ငြိမ် အေးချမ်းရေးကို ခြိမ်းခြောက် နေတာကြောင့် သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၁၂ ပုဒ်မခွဲ က ကို ကိုးကားပြီး တပ်မတော် အကူအညီနဲ့ ရခိုင်ပြည်နယ်ကို ထိန်းသိမ်း ကာကွယ်ရေး လုပ်ဆောင်ဖို့ ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။