နောက်ဆုံး ရေးသားချိန် 25 ဧပြီလ 2012 - 22:41 GMT

ရန်ကုန်က WHO စည်းဝေးပွဲ

diabetes

ဆီးချို ရောဂါ ကွင်းဆင်း ပညာပေး လုပ်နေစဉ်

အရှေ့တောင် အာရှ နိုင်ငံတွေမှာ လူတွေကို အသေစောစေတဲ့ ရောဂါတွေဖြစ်တဲ့ ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ ရောဂါတွေ အပါအဝင် ဆီးချို၊ ကင်ဆာ စတဲ့ ကူးစက်ရောဂါ မဟုတ်တဲ့ ရောဂါတွေ အကြောင်း သုံးရက်ကြာ စည်းဝေးပွဲ တခု ကျင်းပ ခဲ့ပါတယ်။

ဒီရောဂါတွေကြောင့် အရှေ့တောင်အာရှ နိုင်ငံ တွေမှာ တနှစ်ကို လူပေါင်း ကိုးသန်း အသက် ဆုံးရှုံးနေရပြီး မြန်မာ နိုင်ငံမှာလည်း ဒီရောဂါ ကြောင့်ပဲ နှစ်စဉ် လူပေါင်း အမြောက်အမြား သေဆုံးနေတယ်လို့ ခန့်မှန်း ကြပါတယ်။

အာဆီယံ ဒေသတွင်း နိုင်ငံ ဆယ့်တနိုင်ငံက ဒီရောဂါတွေနဲ့ ပတ်သက်ပြီး ဘယ်လို ကိုင်တွယ် လုပ်ဆောင်သင့်သလဲ ဆိုတဲ့ မေးခွန်းကို ဒီစည်းဝေးပွဲမှာ ဆွေးနွေးခဲ့ပါတယ်။

မြန်မာ နိုင်ငံမှာလည်း စိတ်ပိုင်းဆိုင်ရာ ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ ရောဂါတွေ အဖြစ် များလာပြီး ဒီရောဂါတွေနဲ့ သေဆုံးသူတွေ ပိုများလာပါတယ်။

စိတ်ပိုင်းဆိုင်ရာ ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ ရောဂါ အပါအဝင် ဆီးချို၊ ကင်ဆာနဲ့ အသက်ရှု လမ်းကြောင်းနဲ့ ဆိုင်တဲ့ ကူးစက်ရောဂါ မဟုတ်တဲ့ ရောဂါတွေကို ကုသပေးတဲ့ အပိုင်းမှာ တကမ္ဘာလုံး အတိုင်းအတာနဲ့ လာမယ့် နှစ် နှစ်ဆယ် အတွင်းမှာ အမေရိကန် ဒေါ်လာ ၄၇ ထရီလီယံလောက်ထိ သုံးစွဲရဖွယ် ရှိတယ်လို့ ခန့်မှန်းနေပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။