နောက်ဆုံး ရေးသားချိန် 12 ဧပြီလ 2012 - 00:47 GMT

မွန်ပြည်သစ်နဲ့ အစိုးရ တတိယ အကြိမ် ဆွေးနွေး

mon

ဖေဖော်ဝါရီ ဆွေးနွေးပွဲတုန်းက တွေ့ဆုံကြစဉ်

မွန်ပြည်သစ် ပါတီ ငြိမ်းချမ်းရေး ကိုယ်စား လှယ် အဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ် စားလှယ်တို့ မော်လမြိုင် ပြည်နယ် အစိုးရ ရုံးမှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ တယ်လို့ မွန်ပြည်သစ် ပါတီ ကိုယ်စားလှယ် တယောက်က ပြောပါတယ်။

ခုတွေ့ဆုံမှုဟာ တတိယ အကြိမ် တွေ့ဆုံမှု ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၅ က သဘောတူ ထားတဲ့ ၄၅ ရက် အတွင်း နိုင်ငံရေးအရ ထပ် ဆွေးနွေးဖို့ သဘော တူထားတာကို ဆွေးနွေး ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ မွန်ပြည်သစ်ပါတီက တပြည်လုံးအပစ်အခတ် ရပ်စဲရေးကို အဓိကတောင်း ဆိုခဲ့တယ်လို့ ကိုယ်စားလှယ် တယောက် ဖြစ်သူ နိုင်တလညီက ပြောပါတယ်။

ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး လုပ်ငန်းတွေ အပြင် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆွေးနွေးရာမှာလည်း အဆင်ပြေတယ်လို့ မွန်ပြည်သစ် ကိုယ်စားလှယ်က ဘီဘီစီကို ပြော ပြပါတယ်။

အထူးသဖြင့် မွန်ပြည်နယ်မှာ မွန်စာပေ သင်ကြားခွင့် ရရှိရေးကိုလည်း တောင်းဆိုခဲ့တယ်လို့ ပြောပါတယ်။

ဒီအပတ်ဆွေးနွေးပွဲမှာတော့ မွန်ပြည်သစ်ပါတီဘက်က တွဲဖက် အတွင်းရေးမှုး ၁ နိုင်အောင် မင်း ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ကိုးယောက်နဲ့ အစိုးရဘက်က ရထား ဝန်ကြီး ဉီးအောင်မင်း၊ ဉီးခင်ရီ၊ မွန်ပြည်နယ် ဝန်ကြီးချုပ်နဲ့ အရှေ့တောင်ပိုင်း တိုင်းမှုးတို့က တက်ရောက် ဆွေး နွေးခဲ့ပါတယ်။

ထိပ်တန်းသတင်းများ

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။