နောက်ဆုံး ရေးသားချိန် 9 ဧပြီလ 2012 - 14:37 GMT

ယီမင် တိုက်ခိုက်မှု လူ ၂၀ ကျော် သေဆုံး

abyan

ယီမင် တောင်ပိုင်း Abyan ပြည်နယ်မှာ အယ်လ် ခိုင်းဒါး တွေရဲ့ လှုပ်ရှားမှု ရှိနေပါတယ်

ယီမင် နိုင်ငံမှာ စစ်တပ် စခန်း တခုကို အယ်လ်ခိုင်းဒါး လို့ ယူဆ ရသူ တွေရဲ့ တိုက်ခိုက် မှုကြောင့် စစ်သား ငါးဉီး အပါ အဝင် အနည်းဆုံး လူ ၂၃ ဉီး သေဆုံး သွားတယ် လို့ ယီမင် စစ်တပ်က ပြောပါတယ်။

ယီမင် နိုင်ငံ တောင်ပိုင်း Abyan ပြည်နယ် ထဲက Lawdar မြို့မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ အတွင်း အယ်လ်ခိုင်းဒါး တိုက်ခိုက်ရေး သမား ၁၅ ဉီး သေဆုံး ခဲ့တယ်လို့ ဆိုပါတယ်။

Lawdar မြို့ အပြင်မှာ ရှိတဲ့ စစ်တပ် စခန်း တခုကို တနင်္လာနေ့ မနက် စောစောပိုင်း မှာ စတင် တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။

သမ္မတ Ali Abdulah Saleh က သူ့ရဲ့ လက်ထောက်ကို အာဏာ လွှဲပေး ခဲ့ရတဲ့ နိုင်ငံရေး ပဋိပက္ခ တွေ ဖြစ်ခဲ့စဉ် အတွင်း အယ်လ်ခိုင်းဒါး အဖွဲ့က အဲဒီ ဒေသမှာ ရှိတဲ့ နယ်မြေ အမြောက် အများကို သိမ်းပိုက် ထားတာ ဖြစ်ပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။