နောက်ဆုံး ရေးသားချိန် 31 မတ်လ 2012 - 16:36 GMT

ရွေးကောက်ပွဲအပေါ် အီးယူရဲ့ သဘောထား

အီးယူကို ဖိတ်ကြားတာဟာ လမ်းပွင့်လာတဲ့ လက္ခဏာ တစ်ရပ် ဖြစ်တယ်လို့ဆို

မြန်မာနိုင်ငံမှာ မနက်ဖြန်ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ အချိန် မလုံ လောက်တဲ့ အတွက် တရားမျှတမှု ရှိမရှိဆိုတာ အကဲဖြတ်ဖို့ မဖြစ်နိုင်ဘူးလို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အီးယူ ဥရောပသမဂ္ဂရဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့က ပြောကြားပါတယ်။

ဒါပေမယ့်လည်း ရွေးကောက်ပွဲအတွက် အီးယူကို လေ့လာဖို့ ဖိတ်ကြားတာဟာ လမ်းပွင့်လာတဲ့ လက္ခဏာ တစ်ရပ် ဖြစ်တယ်လို့ အီးယူ ကိုယ်စားလှယ် အဖွဲ့က MAlgorzata Wasilewska က ပြောပါတယ်။

အခုလို ကိုယ်တိုင် လာခွင့်ကြည့်ခွင့်ရတာဟာ အခွင့်အလမ်း တရပ်အဖြစ် မြင်ကြောင်းနဲ့ နောင်မှာလည်း မြန်မာအာဏာပိုင်တွေ အနေနဲ့ အခုထက် ပိုပြီး ပွင့်လင်းမြင်သာအောင် လုပ်ဆောင် ပေးလိုတဲ့ ဆန္ဒရှိ လိမ့်မယ်လို့ မျှော်လင့်ကြောင်း Malgorzata Wasilewska က ဘီဘီစီ သတင်းထောက် Rachael Harvey ရဲ့ အမေးကို ဖြေကြားသွားပါတယ်။

ဒါပေမယ့်လည်း ပြည်တွင်းက လေ့လာစောင့်ကြည့်သူတွေကို မြန်မာအာဏာပိုင်တွေက တရားဝင် အသိအမှတ်ပြုထားတာ မဟုတ်တဲ့ အတွက် ဝမ်းနည်းစရာ ကောင်းတယ်လို့ သူက ပြောပါတယ်။

အနာဂတ် ရွေးကောက်ပွဲတွေ ကျရင်တော့ ဖြစ်စဉ်ကြီး တစ်ခုလုံးကို စောင့်ကြည့်နိုင်တဲ့ အရေးကြီး တဲ့ အခန်း ကဏ္ဍကနေ သူတို့ ပါဝင် နိုင်လိမ့် မယ်လို့ မျှော်လင့်ကြောင်း သူက ပြောကြားသွားပါတယ်။

နောက်ဆုံးအနေနဲ့ Mrs Wasilewska ပြောသွားတာကတော့ ဒီမိုကရေစီနည်းကျတဲ့ ရွေးကောက်ပွဲ ဖြစ်ရေး အတွက် ပြည်တွင်းက အဖွဲ့ အစည်းတွေ၊ လေ့လာ စောင့်ကြည့်သူတွေ က ပို အရေးကြီးပါတယ်လို့ ဆိုပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။