
ချင်းတိုင်းရင်းသားများ
၂ဝ၁၂ ခုနှစ် ဇန္နဝါရီ လဆန်းပိုင်းက ချင်းအမျိုးသား တပ်ဦး CNF ဟာ အစိုးရ နဲ့ အပစ်အခတ် ရပ်ရေး သဘောတူ လက်မှတ် ရေးထိုးခဲ့တဲ့ နောက်ပိုင်း မှာ တီးတိန် မြို့နယ် မှာ ဆက်ဆံရေး ရုံးခွဲ ဖွင့်ခွင့် ရခဲ့ပါတယ်။
ဒါပေမယ့် တီးတိန် ဒေသခံ တွေက နေပြည်တော် အထိ သွားရောက် ကန့်ကွက်ခဲ့ တဲ့ အတွက် ရုံးခန်းဖွင့်ရေး ကိစ္စ ရပ်ဆိုင်း ထားရပါတယ်။ ဘာကြောင့် ကန့်ကွက်ကြ တဲ့ အကြောင်း CNF မှ သဘာပတိ ကောင်စီဝင် ပူးထန်ရင်း ကို မေးကြည့်ရာမှာ အရင်က ဒေသခံ တွေနဲ့ ပြဿနာ ရှိခဲ့ဘူး တဲ့ အကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။
ဒီကိစ္စတွေ ကို ပြေလည်အောင် ရှင်းလင်းမယ် လို့ ပူးထန်ရင်းက ပြောပြပါတယ်။ ဒေသခံတွေ က CNFရဲ့ ဆက်ကြေးကောက်မှု တွေကို မကြေနပ် လို့ ဖြစ်ကြောင်း သိရပါတယ်။
တခါ အစိုးရ နဲ့ သဘောတူညီမှု ရပြီးCNF တပ်စခန်း နေရာတွေ ကိုလည်း အစိုးရ တပ်တွေက တပ်စခန်း ပြန်ချတာ ကိုတော့ မသိရသေး ကြောင်း ပူးထန်ရင်း က ဆိုပါတယ်။
နယ်မြေခံ တွေနဲ့ မကြေမလည် ဖြစ်နေမှု ကိုတော့ အချင်းချင်း ကြားမှာ ပြေလည်အောင် ဆွေးနွေးဖို့ ရှိကြောင်း ပူးထန်ရင်း က ဘီဘီစီ ကို ပြောပြပါတယ်။

