နောက်ဆုံး ရေးသားချိန် 24 ဖေဖေါ်ဝါရီလ 2012 - 18:44 GMT

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်စည်းရုံးရေး ခရီးပြီးဆုံး

ဒေါ်အောင်ဆန်းစုကြည်ကို ကချင်လူထုက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြ

နိုင်ငံအေးချမ်းရေးအတွက် တပ်မတော်ဟာ ဒီမိုကရေစီ စိတ်ဓါတ် အပြည့်ရှိဖို့ လိုအပ် တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ကချင်ပြည်နယ် စည်းရုံးရေး ခရီးစဉ်မှာ ပြောကြားလိုက်ပါတယ်။

ဒီမိုကရေစီ နိုင်ငံ ထူထောင်ရာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း ပါဝင်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါ တယ်။

ကချင်ဒေသမှာ ရှိတဲ့ တိုင်းရင်းသား ဒေသခံတွေအနေနဲ့ နယ်မြေ တည်ငြိမ် အေးချမ်းဖို့၊ နယ်မြေ ဖွံ့ဖြိုးဖို့ စိတ်ဆန္ဒရှိကြတယ်ဆိုတာ တွေ့ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ကချင် ပြည်နယ် စည်းရုံးရေး ခရီးစဉ်အတွင်း သောကြာနေ့ မနက်က မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းမှာ လူထုကို စကားပြောစဉ်မှာ အခုလို ပြောသွားတာပါ။

သူ့ရဲ့ ဟောပြောပွဲကို ပရိသတ် ၃သောင်းလောက် လာရောက်နားဆင်ခဲ့ကြပါတယ်။

နေ့လည်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗန်းမော်မြို့ မနောကွင်းမှာ လူထုကို စည်းရုံး ဟောပြောခဲ့ရာမှာ လူထု ပရိသတ် သောင်းနဲ့ ချီ တက်ရောက်ခဲ့ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။