နောက်ဆုံး ရေးသားချိန် 23 ဖေဖေါ်ဝါရီလ 2012 - 15:47 GMT

မွန်ပြည်သစ်ပါတီ အရေးပေါ်အစည်းအဝေး ပြီးစီး

အဌမအကြိမ် ပါတီညီလာခံကနေ မူ (၃) ချက် ချမှတ်ထားပါတယ်

မွန်ပြည်သစ်ပါတီရဲ့ အရေးပေါ် ဗဟို ကော်မီတီ အစည်းအဝေး ပြီးစီးသွား ပြီဖြစ်ပြီး၊ လာမယ့် ဖေဖေါ်ဝါရီလ (၂၅) ရက်နေ့မှာ အစိုးရနဲ့ အပစ်ရပ်ရေး မော်လမြိုင်မြို့ မှာ ထပ်မံ တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ တရက်နေ့က အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရနဲ့ ဆွေးနွေးခဲ့တဲ့ အချက် (၅) ချက်ကို အခု အရေးပေါ် အစည်းအဝေးမှာ ဆွေးနွေးခဲ့ ကြပါတယ်။

လောလောဆယ် ဆုံးဖြတ်ချက် အတိအကျ မရှိသေးတဲ့ အတွက် လက်မှတ်ထိုးနိုင်မလား ဆိုတာ ကိုတော့ မပြောနိုင်သေးဘူးလို့ မွန်ပြည်သစ်ပါတီ ဗဟိုကော် မီတီဝင် တဦးက ပြောပါတယ်။

၂၅ ရက်နေ့ တွေ့ဆုံပွဲမှာ အစိုးရဘက်က ရထားပို့ဆောင်ရေး ပြည်ထောင်စု၀န်ကြီး ဦးအောင်မင်းဦးစီးတဲ့ နိုင်ငံတော် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့နဲ့ မွန်ပြည်သစ်ပါတီ ဘက်ကတော့ အရင် အဖွဲ့ဟောင်းထဲက ပါတီဒုဥက္ကှဌ နိုင်ရော့စကဘဲ ဦးဆောင်မှာ ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီ အနေနဲ့ UNFC ခေါ်တဲ့ သွေးစည်း ညီညွတ်သော တိုင်းရင်သား လူမျိုးများ ဖက်ဒရယ်ကောင် စီအဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ရှမ်း၊ ကချင် ကရင်စတဲ့ အဖွဲ့ တွေ့နဲ့လည်း တွေ့ဆုံညှိနှိုင်းဖို့ ရှိတယ်လို့ ဆိုပါတယ်။

မွန်ပြည်သစ်ပါတီရဲ့ အဌမအကြိမ် ပါတီညီလာခံကနေ အပစ်အခတ်ရပ်စဲရေးကိစ္စနဲ့ ပါတ်သက်ပြီး မူ (၃) ချက်ချ မှတ်ထားပါတယ်။

အဲဒါတွေကတော့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးအရ အမြန်တွေ့ဆုံရေးနဲ့ တဖွဲ့ချင်းထက် တိုင်းရင်းသားအဖွဲ့တွေ စုပေါင်းပြီး၊ တွေ့ဆုံရေးဆိုတဲ့ မူတွေပဲ ဖြစ်ပတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။