နောက်ဆုံး ရေးသားချိန် 24 ဖေဖေါ်ဝါရီလ 2012 - 01:57 GMT

အကျဉ်းသားလွတ်ရေး ဦးဝီရသူ လှုပ်ရှားမယ်

monks

အကျဉ်းသား လွတ်မြောက်ရေး သံဃာ လှုပ်ရှားခဲ့

အကျဉ်းကျဆဲ နိုင်ငံရေးသမားများ အတွက် မန္တလေး မစိုးရိမ် တိုက်သစ်က ဆရာတော် ဦးဝိစိတ္တ သာရာဘိဝံသ ခေါ် ဦးဝီရသူက လှုပ်ရှားမှု တခု စတင်မယ်လို့ သိရပါတယ်။

ဆရာတော်ဟာ ဇန်နဝါရီ ၁၃ ရက်ကမှ မြစ်ကြီးနားထောင်က လွတ်လာတာပါ။

အကျဉ်းသားတွေ လွှတ်ပေးရေး အတွက် ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုနဲ့ လူ့အခွင့်အရေး ကော်မရှင်နဲ့ တခြား အဖွဲ့တွေဆီ ဆရာတော် စာရေး တောင်းဆိုခဲ့ ပေမယ့်လည်း ပြန်ကြားစာ မရခဲ့ပါဘူး။

ပြည်ထောင်စုနေ့က လွှတ်ပေးမှု တစုံတရာ မရှိခဲ့တဲ့ အတွက် တပေါင်းလပြည့်နေ့ထိ စောင့်ကြည့်သွားမယ်၊ မထူးရင် လှုပ်ရှားမှု စမယ်လို့ ဆိုပါတယ်။

ပထမ အဆင့် အနေနဲ့ လွတ်မြောက်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများနဲ့ မလွတ်မြောက်သေးသူများ မိသားစုတွေ ပူးပေါင်းပြီး စုပေါင်း ဆန္ဒပြုပွဲ လုပ်မယ်လို့ ဆိုပါတယ်။

ဘုန်းတော်ကြီး ၂ ပါး အပါအဝင် မလွတ်မြောက်သေးတဲ့ နိုင်ငံရေး အကျဉ်းသား ၇၈ ဦး ကျန်သေးတယ် လို့ ဆရာတော်က မိန့်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။