နောက်ဆုံး ရေးသားချိန် 19 ဖေဖေါ်ဝါရီလ 2012 - 23:31 GMT

နယ်ခြားစောင့်တပ်နဲ့ ဒီကေဘီအေ တိုက်ပွဲဖြစ်

DKBA

ဒီကေဘီအေ တပ်တချို့ဟာ နယ်ခြားစောင့်တပ် အသွင်ကို ပြောင်းခဲ့ကြပါပြီ

မြိုင်ကြီးငူ အခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က၊ ဒီကေဘီအေ ကလို့ထူးလား စစ်ကွပ်ကဲရေး အဖွဲ့က ဗိုလ်မှူး စောစိုးဝင်း ရဲ့တပ်ဖွဲ့ တချို့ဆီကနေ လက်နက် ဖြုတ်သိမ်းဖို့ ကြိုးစား တဲ့အတွက် တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ဒီကေဘီအေ ဖက်က ပြောပါတယ်။

မြိုင်ကြီးငူ ဒေသတဝိုက်မှာ တနင်္ဂနွေနေ့ မွန်းလွဲပိုင်း ကတည်းက တိုက်ပွဲတွေ ဖြစ်နေပြီး ညပိုင်း အထိ သေနတ်သံတွေကို မကြာမကြာ ကြားခဲ့ရ ပါတယ်။

ဒီကေဘီအေ ဘက်က ပစ်ခတ်တဲ့ အတွက် နယ်ခြားစောင့်တပ် ကားတစင်းကို ထိမှန်သွားတယ်လို့ ဒီကေဘီအေ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူး စောလုံလုံက ဘီဘီစီကို ပြောပါတယ်။ ဒါပေမယ့် နှစ်ဖက် ထိခိုက်မှု စာရင်းကိုတော့ တိတိကျကျ မသိရ ပါဘူး။

နယ်ခြားစောင့် တပ်ဖွဲ့ ဘက်က ဒီကေဘီအေ ကို လက်နက် ဖြုတ်သိမ်းဖို့ ဘာကြောင့် ကြိုးပမ်း ခဲ့သလဲဆို တာကိုလည်း ရှင်းရှင်း လင်းလင်း မသိရ ပါဘူး။

အစိမ်းရောင် ဖားစည်လို့ ခေါ်တဲ့ ဒီကေဘီအေ ကလို့ထူးလား အဖွဲ့ကို ဗိုလ်မှူးကြီး စောဘီခို့ ကဦးဆောင်ပြီး ဗိုလ်ချုပ်နှုတ်ခမ်းမွေး အဖွဲ့က အစိုးရကို ပြန်တိုက် စဉ်မှာ နယ်ခြားစောင့် တပ်ကနေ ခွဲထွက်ပြီး ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။