နောက်ဆုံး ရေးသားချိန် 18 ဖေဖေါ်ဝါရီလ 2012 - 01:21 GMT

ဒေါ်အောင်ဆန်းစုကြည် စိန်ခေါ်ခံရ

assk

ဒေါ်အောင်ဆန်းစုကြည် ယှဉ်ပြိုင်ခွင့် ကန့်ကွက်ခံရ

ဒေါ်အောင်ဆန်းစုကြည်ရဲ့မဲဆန္ဒနယ် ယှဉ်ပြိုင်ခွင့်ကို ပြိုင်ဘက်တဦးက ကန့်ကွက်လာတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဆိုပါတယ်။

မြန်မာ ရွေးကောက်ပွဲ ဥပဒေ အရ ပြည်ပ အထောက်အပံ့ နဲ့ ပိုင်ဆိုင်မှု ရယူ ခံစားခွင့် ရှိသူများကို ယှဉ်ပြိုင်ခွင့် မပြုပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဟာ ဗြိတိန်မှာ နေထိုင်တာပါ။ ပါတီ ပြောခွင့်ရ ဦးဉာဏ်ဝင်းကတော့ ဒီစွပ်စွဲချက်ဟာ အခြေအမြစ် မရှိဘူးလို့ ဆိုပါတယ်။

ကန့်ကွက်ချက်ကို တိုင်း ရွေးကောက်ပွဲ ကော်မရှင်က စီရင် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဧပြီ ကြားဖြတ် ရွေးကောက်ပွဲမှာ ကော့မှူးက ဝင်အရွေးခံမယ့် ညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးပါတီက ဦးတင်ရီက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။