နောက်ဆုံး ရေးသားချိန် 17 ဖေဖေါ်ဝါရီလ 2012 - 02:02 GMT

မဲဆောက် အလုပ်သမား ဖမ်း

mae sot

မဲဆောက် မြန်မာ အလုပ်သမား ၇၀ လောက် အဖမ်းခံရ

မဲဆောက် က တရားမဝင် မြန်မာ လုပ်သား ၁၄၀ လောက် ကြာသပတေး နေ့က အဖမ်းခံ ခဲ့ရပါတယ်။

မဲဆောက်မြို့စျေးတွေနဲ့ အနီး ဝန်းကျင်မှာ အလုပ်လုပ်ခွင့်မရှိတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်တွေကို လုပြီး လုပ်ကိုင်တယ်ဆိုတဲ့ သူတွေကို ထိုင်းအာဏာပိုင် တွေက စစ်ဆင်ရေးအသွင်နဲ့ ကြာသပတေး နေ့မနက်က လိုက်လံ ဖမ်းဆီး ခဲ့တာပါ။

အလုပ်လုပ်ခွင့် လက်မှတ် မရှိပဲ ခိုး၀င် အလုပ် လုပ်နေသူ ၇၁ ယောက်နဲ့ ထိုင်းနိုင်ငံသား တွေရဲ့ အလုပ်တွေကို လုပြီး လုပ်ကိုင်နေသူ ၇၄ ယောက်ကို ဖမ်းဆီး ရမိပါတယ်။ ခိုး၀င်လာ သူတွေကို မြန်မာဘက် ြန်ပို့မှာ ဖြစ်ပြီး ထိုင်းတွေ အလုပ်တွေကို လုပြီး လုပ်သူတွေ ကိုတော့ အရေးယူ သွားမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ဆံပင်ညှပ်၊ဆိုက္ကားနင်း၊တက္ကစီမောင်း၊ကုန်ကားမောင်း၊လက်သမား၊ပန်းရံ အလုပ်တွေကို ထိုင်းနိုင်ငံသားတွေရဲ့ သက်မွေး ဝမ်းကျောင်း အလုပ်တွေလို့ သတ်မှတ် ထားပါတယ်။ ဒီအလုပ် တွေကို လုပြီး လုပ်တဲ့ နိုင်ငံခြားသား တွေကို အနိမ့်ဆုံး ထောင်ဒဏ် ၆ လ အထိ ချပါတယ်။

ဒါပေမဲ့ ထိုင်းနိုင်ငံမှာ လက်သမားနဲ့ ပန်းရံ အလုပ်သမားတွေ ပြတ်လပ် နေတဲ့အတွက် မြန်မာ လက်သမားတွေနဲ့ ပန်းရံတွေကို မဖမ်းဘဲ သူတို့ အလုပ်ရှင် ကန်ထရိုက်တွေက သက်ဆိုင်သူ တွေကို လစဉ်ကြေး ပေးရပါတယ်။

အလားတူ လစဉ်ကြေး ပေးပြီး စျေးဆိုင်ဖွင့် နေတဲ့ မြန်မာနိုင်ငံသားတွေကို သက်ဆိုင်သူ တွေက ကြိုပြီး အကြောင်းကြား ထားတဲ့အတွက် မြန်မာနိုင်ငံသား စျေးဆိုင်ရှင်တွေ ဗုဒ္ဓဟူးနေ့က လုံးဝ ဆိုင်မဖွင့် ကြတာ တွေ့ရပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။