နောက်ဆုံး ရေးသားချိန် 15 ဖေဖေါ်ဝါရီလ 2012 - 02:07 GMT

ရန်ကုန်မှာ မိန်းမ ဘတ်စ်ကားဆွဲ

Rangoon bus

အမျိုးသမီး ဘတ်စ်ကား ရန်ကုန်မှာ စပြေး

ပထမဆုံး အမျိုးသမီး သီးသန့် ဘတ်စ် ကားတွေ ဖေဖော်ဝါရီ ၁၄ က ရန်ကုန်မှာ စတင် ပြေးဆွဲနေပြီ ဖြစ်ပါတယ်။

တနင်္လာက သောကြာထိ ရုံးတက်ရက်တွေမှာ လူကျပ်တဲ့ ရုံးတက် ရုံးဆင်းချိန် တွေမှာ ပြေးဆွဲ ပေးတာပါ။

အမျိုးသား တွေနဲ့ တိုးဝှေ့ စီးရလို့ အမျိုးသမီး တွေအပေါ် မဖွယ်မရာ ပြုတာမျိုး ရှိတဲ့အတွက် စီစဉ်ခဲ့တာလို့ ကြိုးပမ်းခဲ့သူ ဒေါ်ကေခိုင် အောင်ခင်က ဆိုပါတယ်။

ပါရမီကားတွေ လက်ရှိ ယူနေတဲ့ စျေးအတိုင်းပဲ ပေးရပါတယ်။

ကြိုတင် ကြေညာ ပြေးဆွဲတာ မဟုတ်လို့ လူသိပ်မသိပေမယ့် လာစီးကြသူတွေက ဝမ်းသာကြတယ် လို့လည်း ဆိုပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။