နောက်ဆုံး ရေးသားချိန် 13 ဖေဖေါ်ဝါရီလ 2012 - 20:46 GMT

ကချင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ မငြိမ်းချမ်းသေးတဲ့ တိုက်ပွဲများ

ငြိမ်းချမ်းရေး ဆွေးနွေး နေပေမယ့် မငြိမ်းချမ်း မှုတွေကြောင့် ပြေးလွှားနေရတဲ့ ကချင် ဒုက္ခသည်တွေ

ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကချင်ပြည်နယ် ဝိုင်းမော်မြို့ ကန်ဒေါ်ယန်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း လွယ်ကန် ဒေသတွေမှာ အစိုးရတပ်ဖွဲ့တွေနဲ့ ကချင် ကေအိုင်အေ တပ်ဖွဲ့တွေ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

ဇန်နဝါရီလ ၁၉ ရက် တရုတ်နိုင်ငံ ရွှေလီဘက် အခြမ်းမှာ ကေအိုင်အေနဲ့ အစိုးရ ကိုယ်စားလှယ်တွေ တွေ့ဆုံ ဆွေးနွေး ကြပြီးနောက် အခုဆိုရင် စုစုပေါင်း တိုက်ပွဲပေါင်း ၂၃ ကြိမ် အထိ ဖြစ်ပွားခဲ့ပါတယ်။

နောက်ဆုံး ဆွေးနွေးပွဲမှာ နှစ်ဘက် ဆွေးနွေးပြီးနောက် အချက် ၄ ချက် ပါတဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့ရာမှာ စစ်ရေး အရှိန်များကို ထိန်းသိမ်းသွားဖို့ နှစ်ဘက် ညှိနှိုင်း ဆောင်ရွက် သွားမယ်လို့ ဆိုပေမဲ့ တိုက်ပွဲတွေ ယုတ်လျော့မသွားဘဲ ဆက်လက် ဖြစ်ပွားနေခဲ့ပါတယ်။

နောက်တကြိမ် နှစ်ဘက် တွေ့ဆုံ ညှိနှိုင်းဖို့ကို ဒီရက်တွေ အတွင်းမှာ တွေ့ဆုံဖို့ ရည်ရွယ်ထားပေမဲ့ နေရာညှိနှိုင်းလို့ မရသေးတဲ့ အတွက် မတွေ့ဆုံနိုင် ကြသေးဘူးလို့ သိရပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။