နောက်ဆုံး ရေးသားချိန် 11 ဖေဖေါ်ဝါရီလ 2012 - 15:38 GMT

သံတွဲ မြို့မစျေးကြီး မီးလောင်မှုဖြစ်ပွား

ဆုံးရှုံးမှု သိန်းပေါင်း သောင်းချီ ရှိနိုင်တယ်လို့ ဒေသခံ တွေက ခန့်မှန်းပြောဆိုနေကြ

ရခိုင်ပြည်နယ် သံတွဲမြို့ မြို့မစျေးကြီး စနေနေ့ မနက်အစောပိုင်းက မီလောင်ခဲ့တဲ့ အတွက် ဆိုင်ခန်းပေါင်း ၇၀၀ ကျော်မီးထဲ ပါသွားတယ်လို့ သိရပါတယ်။

မနက် ၅ နာရီခွဲက ငါးစျေးတန်းဘက်က စတင် လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး မီးလောင်မှုကြောင့် ဈေးတစ်ခုလုံးနီးပါး မီးထဲပါသွားတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမယ့်လည်း မီးဘယ်လို စတင် လောင်တယ် ဆိုတာကတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

မီးသတ်ကားတွေနဲ့ မြို့သူမြို့သားတွေက ဝိုင်းဝန်းငြှိမ်းသတ်ကြတဲ့အတွက် မနက် ၇ နာရီ ခွဲခန့်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။ စျေးတခုလုံးနီးပါး မီးသွားတဲ့ အတွက် သိန်းပေါင်း သောင်းနဲ့ချီ ဆုံးရှုံးနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း စျေးကြီးတွေ မီးလောင်မှုတွေထဲမှာ အခုသံတွဲစျေး မီးလောင်မှုဟာ ဒုတိယအကြိမ်ဖြစ်ပြီး၊ ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ကလည်း မင်းပြားစျေးကြီး မီးလောင်ခဲ့တဲ့ အတွက် ဆိုင်းခန်းပေါင်း ၅၆၇ ခန်း မီးထဲပါသွားခဲ့ဖူးပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။