နောက်ဆုံး ရေးသားချိန် 10 ဖေဖေါ်ဝါရီလ 2012 - 01:39 GMT

ဇာဂနာ နမ်ဘီယာ့ အကြံပေး အဖွဲ့နဲ့တွေ့

Zaganar

ဇာဂနာနဲ့ အဖွဲ့ ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံ

အမေရိကန်မှာ ခရီး လှည့်လည်နေတဲ့ အနု ပညာရှင် ဇာဂနာဟာ ကုလ အတွင်းရေးမှုး ချုပ် ဘန်ကီမွန်းရဲ့ မြန်မာ နိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီယာ ရဲ့ အကြံပေး အဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒိလို တွေ့ဆုံတုန်း ဇာဂနာဟာ ပြည်တွင်းစစ် ရပ်စဲရေး၊ မြန်မာ နိုင်ငံထဲ လူမှု အဖွဲ့အစည်းတွေ ပေါ်ပေါက်ရေးနဲ့ ကျန်နေသေးတဲ့ နိုင်ငံရေး အ ကျဉ်းသားတွေ ကိစ္စတွေကို တင်ပြခဲ့တယ်လို့ ဇာဂနာက ဘီဘီစီကို ပြောပြပါတယ်။

ကုလ အထူး ကိုယ်စားလှယ် ဗီဂျေ နမ်ဘီယာဟာ မတ်လမှာ မြန်မာ နိုင်ငံကို လာဖို့ ရှိသလို အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက် မစ်ချဲလည်း မတ်လမှာဘဲ မြန်မာ နိုင်ငံကို လာဖို့ ရှိပါတယ်။

ဇာဂနာနဲ့အတူ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီက ဒေါ်ဘောက်ဂျာ၊ ခလေးတွေကို အခမဲ့ ပညာ သင်ပေးနေတဲ့ အင်အယ်ဒီ ပါတီဝင် ဒေါ်ခင်သန်းမြင့်တို့နဲ့ အတူ အမေရိကန် အခြေစိုက် NED အဖွဲ့ရဲ့ ဖိတ်ခေါ်မှုနဲ့ အမေရိကန်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

သူတို့ အဖွဲ့ဟာ ဗုဒ္ဓဟူးနေ့က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ နိုင်ငံ အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို တင်ပြ ဆွေးနွေး ခဲ့ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။