နောက်ဆုံး ရေးသားချိန် 8 ဖေဖေါ်ဝါရီလ 2012 - 17:11 GMT

မြန်မာ့လေကြောင်း ခြိမ်းခြောက်စာရ

MAI

MAI လေကြောင်းကို ခြိမ်းခြောက်စာ ဘန်ကောက် မြန်မာသံရုံးကို ရောက်လာ

အလ္လာ သားတော်အဖွဲ့ ဆိုတဲ့ နာမည်နဲ့ MAI လေကြောင်းလိုင်းကို ဗုံးခွဲမယ်ဆိုတဲ့ ခြိမ်းခြောက်စာ ဘန်ကောက် မြန်မာ သံရုံးကို ရောက်လာတယ်လို့ သံရုံးဘက်က ဆိုပါတယ်။

သံရုံးက ထိုင်း နိုင်ငံခြားရေး နဲ့ လုံခြုံရေး ဌာနကို အကြောင်းကြား ထားပြီး ထိုင်းဘက်က လိုအပ်တဲ့ စုံစမ်းမှုတွေ လုပ်နေပါတယ်။

ဒီစာ မလာခင်က ဘန်ကောက် စျေးတစျေးက မြန်မာ မိသားစုနဲ့ အစ္စလာမ် ဘာသာဝင်ကြား စကားများရာက မြန်မာ မိသားစု အဖမ်းခံရ တာကို သံရုံးကို ဖြေရှင်းပေးဖို့ စာရောက်လာ ပြီးမှ ဗုံးခွဲမယ်ဆိုတဲ့ စာရောက် လာတာမို့ ဒါဟာ အစ္စလာမ် ဘာသာဝင်ကို ဒုက္ခရောက်အောင် ဖန်တီးတာ ဖြစ်နိုင်တယ်လို့ သံရုံးတာဝန်ရှိသူက ပြောပါတယ်။

ဒီစာနဲ့ ပတ်သက်ပြီး မြန်မာပြည်က ကုလသမဂ္ဂ ဝန်ထမ်းတွေကို သတိပေးထားတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပေမယ့် ကုလသမဂ္ဂ ပြောခွင့်ရ ပုဂ္ဂိုလ်က ထင်မြင်ချက် ပေးဖို့ ငြင်းဆို ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။