
နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေဆီက အကူအညီ ရဖို့ အခွင့်အလမ်းတွေ ပေါ်လာ
မြန်မာနိုင်ငံပေါ် အမေရိကန် ပိတ်ဆို့ အရေးယူ ထားတာ အများအပြား ရှိတဲ့အနက် တခုကို ဒီနေ့ ရုပ်သိမ်း ပေးမယ်လို့ အေပီ သတင်းမှာ ဖော်ပြထားပါတယ်။
အဲဒီ ပိတ်ဆို့ အရေးယူမှု ကတော့ အမေရိကန် အစိုးရရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေအရ မြန်မာနိုင်ငံပေါ် အမေရိကန် ထောက်ပံ့မှုရှိတဲ့ အဖွဲ့အစည်း တွေကနေ ငွေကြေး ကူညီ ထောက်ပံ့ ချေးငှားတာတွေ လုပ်လို့ မရအောင် ပိတ်ဆို့ထားတဲ့ ဥပဒေ ဖြစ်ပါတယ်။
ဒီဥပဒေကို ရုပ်သိမ်းခဲ့ရင် မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်း တွေဆီက ငွေကြေးအကူအညီ ရယူနိုင်ဖို့ အခွင့်အလမ်းတွေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။
တခြား ပိတ်ဆို့မှုတွေကတော့ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။
ဒီပိတ်ဆို့ အရေးယူမှု ရုပ်သိမ်းချက်ကို ဒီနေ့ပဲ နိုင်ငံခြားရေး ဝန်ကြီး မစ္စစ် ကလင်တန်က လက်မှတ်ထိုး လိမ့်မယ်လို့ အေပီသတင်းမှာ ဖော်ပြထားပါတယ်။

