နောက်ဆုံး ရေးသားချိန် 1 ဖေဖေါ်ဝါရီလ 2012 - 18:37 GMT

မွန်ပြည်သစ်နဲ့ ငြိမ်းချမ်းရေး သဘောတူ

mon_ceasefire

မွန်ပြည်သစ်နဲ့ အစိုးရ ပြည်နယ်ဆင့် ငြိမ်းချမ်းရေး ပဏာမ သဘောတူ

ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ မွန်ပြည်သစ်ပါတီနဲ့ အစိုးရပြည်နယ်ဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ကြား ပဏာမ သဘောတူညီချက်ရခဲ့ပါတယ်။

၂၀၁၂ ဗုဒ္ဓဟူးနေ့ မနက်က မော်လမြိုင် ကမ်းနား ဟိုတယ်မှာ ဆွေးနွေးခဲ့ပြီး အပစ်အခတ် ရပ်စဲရေး၊ ပြည်ထောင်စု အဆင့် ဆွေးနွေးရန် ကိုယ်စားလှယ် အဖွဲ့ ဖွဲ့ပေးရေး၊ နေရာ အချိန် ညှိနှိုင်းရေး၊ ဆက်ဆံရေး စခန်း ထားရှိရေး စတဲ့ အချက် ၅ ချက် သဘောတူညီခဲ့ပါတယ်။

မွန်ပြည်သစ်ဘက်က ဒုဥက္ကဋ္ဌ နိုင်ရောစ ဦးဆောင်ပြီး အစိုးရဘက်က ရထားဝန်ကြီး ဦးအောင်မင်း၊ ပြည်နယ် ဝန်ကြီးချုပ်နဲ့ အခြားဝန်ကြီးတွေ ပါပါတယ်။

မွန်ပြည်သစ် ဗဟိုကော်မတီကို ခွင့်ပြုချက် တောင်းပြီး ဖေဖော်ဝါရီ တတိယပတ်မှာ လက်မှတ်ထိုးမှာ ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။