နောက်ဆုံး ရေးသားချိန် 31 ဇန်နဝါရီလ 2012 - 21:09 GMT

ဒေါ်လာ တသောင်းဖိုးထိ လဲလှယ်ခွင့် ပြုမည်

ငွေလဲ ဌာန

တကြိမ် ဒေါ်လာ တသောင်းထိ ပုံစံ ဖြည့်စရာ မလိုဘဲ လဲနိုင်တော့မည်။

မြန်မာ နိုင်ငံက ငွေလဲ ဌာနတွေမှာ ဒီနေ့ ဖေဖော်ဝါရီလ တရက်နေ့က စပြီး ဒေါ်လာ တသောင်းနဲ့ ညီမျှတဲ့ နိုင်ငံခြားငွေကို စာ ရွက်စာတမ်း အထောက် အထား ပြစရာ မလိုပဲ လဲလှယ်ခွင့် ပြုသွားမှာ ဖြစ်ပါတယ်။

အိုင်အမ်အက်ဖ အပြည်ပြည် ဆိုင်ရာ ငွေကြေး ရံပုံငွေ အဖွဲ့ရဲ့ အကြံပြုချက်နဲ့ ခုလိုဆောင်ရွက် တာ ဖြစ်တယ်လို့ ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဌ ဦးသန်းလွင်က ပြောပါတယ်။

အမေရိကန် ဒေါ်လာ တသောင်းထိ အစစ် အဆေး မရှိ လဲပေးပြီး တသောင်း အထက် အ လဲအလှယ် လုပ်ချင်လျင်တော့ ပုံစံ စာရွက်မှာ အချက်အလက် တချို့ ဖြည့်ရမှာ ဖြစ်ပါ တယ်။

လောလောဆယ် ကမ္ဘာ တဝှမ်းက ဘဏ္ဍာရေး အဖွဲ့အစည်းတွေ လိုက်နာရတဲ့ စည်းမျဉ်းမှာ ဒေါ်လာ တသောင်း အထက် ထုတ်ချင်လျင် အလားတူ ပုံစံ ဖြည့်ရပါတယ်။

ဒါကလည်း ငွေကြေး ခဝါချမှု တားဆီးရေး ရည်ရွယ်ချက်ကြောင့် ဖြစ်ပါတယ်။

အမေရိကန် ဒေါ်လာအပြင် တခြား နိုင်ငံခြားငွေတွေလည်း လဲခွင့် ရှိမှာ ဖြစ်ပါတယ်။

လောလောဆယ် ပြည်တွင်းမှာ အကြွေး ကဒ်ပြားတွေ လက်မခံနိုင်သေးတဲ့ အတွက် ခုလို ငွေ အလွယ်တကူ လဲလှယ်နိုင်မှုဟာ နိုင်ငံခြားသား ခရီးသည်တွေ အတွက် အဆင် ပြေဖွယ် ရှိ တယ်လို့ ခန့်မှန်း ရပါတယ်။

နိုင်ငံခြားငွေ လဲချင်တဲ့ မြန်မာ နိုင်ငံသားတွေ အနေနဲ့လည်း ငွေဘယ်က ရလဲ ပြစရာ မလို တော့ဘူးလို့ သိရပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။