နောက်ဆုံး ရေးသားချိန် 26 ဇန်နဝါရီလ 2012 - 15:51 GMT

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်တွေ ပြန်စ

လာမယ့်နှစ်အတွက် ဘတ်ဂျက်ငွေ ဥပဒေ မူကြမ်းကို ဆွေးနွေးဖို့ရှိ

မြန်မာနိုင်ငံမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်တွေကို ဒီကနေ့ ကြာသပတေးနေ့မှာ ပြန်လည် စတင် လိုက်ပါတယ်။

ပထမအကြိမ် တတိယ လွှတ်တော် အစည်း အဝေးတွေ ပြန်စတဲ့ အဲဒီအခမ်းအနားကို သမ္မတ ဦးသိန်းစိန်က သဝဏ်လွှာ ပေးပို့ခဲ့ရာမှာ စီးပွား ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြင့်လာအောင် အစိုးရက ဆောင်ရွက် နေသလို ဆင်းရဲမွဲတေမှု လျော့ကျသွားရေး လုပ်ငန်းစဉ်တွေကိုလည်း လုပ်ဆောင်နေတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ပြည်တွင်း ငြိမ်းချမ်းရေးတွေ လုပ်ဆောင်နေပြီး ထာဝရ ငြိမ်းချမ်းရေး ရဖို့ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဖေါ်ပြထားပါတယ်။

အခုပြန်ကျင်းပတဲ့ လွှတ်တော်တွေမှာ နိုင်ငံတော် ရသုံးငွေ ဘတ်ဂျက်အကြောင်း အဓိကထား ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အရင် အစိုးရ လက်ထက်မှာတော့ နိုင်ငံတော် ဘတ်ဂျက်ရဲ့ လေးပုံတပုံကို ကာကွယ်ရေး အတွက် ရာထား အသုံးပြုခဲ့ပြီး နှစ်ရာခိုင်နှုန်းအောက် ကိုပဲ ကျန်းမာရေးကဏ္ဍအတွက် ရာထား အသုံးပြု ခဲ့ပါတယ်။

စီးပွားရေး တက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်းကတော့ နိုင်ငံတော် ဘတ်ဂျက်ဟာ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါပြီး မြန်မာနိုင်ငံမှာ လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျန်းမာရေး ကဏ္ဍနဲ့ ပညာရေး ကဏ္ဍ ၂ရပ်ပေါင်းအတွက် အစိုးရ ဘတ်ဂျက်ရဲ့ ၃၅ ရာခိုင်နှုန်းလောက် ရာထားသင့်တယ်လို့ သုံးသပ်ပါတယ်။

ပြည်ထောင်စု လွှတ်တော်ကိုတော့ အခုလ ၃၁ရက်နေ့မှာ ကျင်းပဖို့ ရှိပါတယ်။

bbc.co.uk navigation

BBC © 2012

ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။