နောက်ဆုံး ရေးသားချိန် 25 ဇန်နဝါရီလ 2012 - 00:43 GMT

ပြောင်းလဲမှုတွေ လုပ်ပြီး မြောက်ကိုရီးယားနဲ့ အဆက်ဖြတ်ဖို့ အမေရိကန် ပြော

အမေရိကန် အထက်လွှတ်တော် အမတ် Mitch McConnell

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေ ရှေ့ဆက် အကောင်အထည် ဖော်ပြီး မြောက်ကိုရီးယား နဲ့ စစ်ရေး ဆက်ဆံမှုတွေ ဖြတ်တောက်မယ် ဆိုရင် မြန်မာ အပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူထားမှုကို ရုတ်သိမ်းပေးဖို့ သူထောက်ခံ ပေးမယ်လို့ အမေရိကန် ထိပ်တန်း ရီပါ့ဘလစ်ကန် ဆီးနိတ်တာ Mitch McConnell က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက မြန်မာပြည်ကို သွားရောက်ခဲ့တဲ့ ဆီးနိတ်တာ မက်ကောနယ်က လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ နိုင်ငံတကာက လေ့လာ စောင့်ကြည့်သူတွေကို ဝင်ရောက်ခွင့် ပေးဖို့ မြန်မာ အစိုးရကို ပန်ကြား ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အဲဒီ ရွေးကောက်ပွဲကို ကောင်းကောင်းမွန်မွန် ကျင်းပနိုင်ခဲ့ရင် မြန်မာ အပေါ် ပိတ်ဆို့ အရေးယူမှု တချို့ ဒါမှမဟုတ် အကုန် ရုတ်သိမ်းပေးဖို့ အာမခံချက် ပေးနိုင်တဲ့ နောက်ထပ် ခြေလှမ်းတွေ စဉ်းစားပေးမယ်လို့လည်း မစ္စတာ မက်ကော်နယ်က ပြောပါတယ်။

ထိပ်တန်းသတင်းများ

bbc.co.uk navigation

BBC © 2012

ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။