နောက်ဆုံး ရေးသားချိန် 5 ဒီဇင်ဘာလ 2011 - 17:14 GMT

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် မြန်မာနိုင်ငံ ရောက်ရှိ

သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ကိစ္စရပ်တွေကို အပြန်အလှန်ဆွေးနွေးမယ်

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ဟာ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြား ချက်အရ၊ ၃ ရက်ကြာ အလည်အပတ် ခရီးစဉ်အဖြစ် တနင်္လာနေ့မှာ မြန်မာနိုင်ငံ ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ဒါဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်တဦးရဲ့ ၈ နှစ်အတွင်း ပထမဦးဆုံး မြန်မာနိုင်ငံ ခရီးစဉ် ဖြစ်ပါတယ်။

မနက်ဖြန်မှာတော့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ကိစ္စရပ်တွေ ကို အပြန်အလှန်ဆွေးနွေးမယ်လို့ သိရပါတယ်။

နှစ်နိုင်ငံ စီးပွားရေး ပူပေါင်း ဆောင်ရွက်မှုနဲ့ ရင်နှီးမြှုပ်နှံမှုဆိုင်ရာ အကာအကွယ်ပေးရေး ကိစ္စရပ်တွေ အတွက် သဘောတူညီမှုတွေမှာ လက်မှတ်ရေးထိုးကြဖို့လည်း ရှိပါတယ်။

အဲဒီနောက်မှာတော့ နေပြည်တော်မှာ တည်ဆောက်မယ့် ဘင်္ဂလားဒေ့ရှ် သံရုံးအတွက် အုတ်မြစ်ချမယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ၊ နှစ်နိုင်ငံ ဆက်ဆံရေးဟာ ယေဘုယျအားဖြစ်တော့ ချစ်ကြည်ရင်းနှီး မှု ရှိကြပေမယ့်၊ မြန်မာနိုင်ငံက ဒုက္ခသည်တွေ သူတို့ဘက်ကို စုပြုံ ရောက်လာ တာတွေ ရှိတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ပြောဆိုတာတွေ ရှိခဲ့ဖူးပါတယ်။

မကြာသေးခင်ကလည်း နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားမှု ဖြစ်ပွားခဲ့ ပါသေးတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။