နောက်ဆုံး ရေးသားချိန် 4 ဒီဇင်ဘာလ 2011 - 17:36 GMT

ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်မယ်လို့ CNF ယူဆ

အစိုးရနဲ့ အပစ်ရပ်ရေး CNF မကြာခင် တွေ့ဆုံ ဆွေးနွေးမယ်

ပြည်နယ်အဆင့် အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ အကြား တွေ့ဆုံ ညှိနှိုင်းမှုတွေ လုပ်နေရာမှာ RCSS/ SSA ရှမ်းလက်နက်ကိုင် အဖွဲ့နဲ့ အစိုးရအကြား ပဏာမ သဘောတူချက် ရသွားပြီလို့ ဒီကနေ့ထုတ် အစိုးရ သတင်းစာတွေထဲမှာ ဖေါ်ပြထားပါတယ်။

နိုဝင်ဘာလတုန်းက ထိုင်းမြန်မာ နယ်စပ်မှာ RCSS/SSA အဖွဲ့နဲ့ ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ တွေ့ခဲ့တဲ့ တချိန်ထဲမှာပဲ CNF ချင်းအမျိုးသား တပ်ဦး အဖွဲ့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

CNF နဲ့ကတော့ သဘောတူချက် တစုံတရာ မရသေးပဲ ဇန္နဝါရီလ ပထမပါတ်လောက်မှာမှ ချင်းပြည်နယ် ဟားခါးမြို့တော်မှာ ထပ်မံ တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

ပြည်ထောင်စု ဝန်ကြီးနဲ့ တွေ့ဆုံခဲ့စဉ်တုန်းက အပစ်ရပ်ပြီးရင် ထာဝရ ငြိမ်းချမ်းရေး ရဖို့ နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်သွားမယ်လို့ ပြည်ထောင်စု ဝန်ကြီးဘက်က အရင် စပြောခဲ့ တာဟာ ထူးခြားချက် ဖြစ်ကြောင်းနဲ့ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်မယ်လို့ CNF အဖွဲ့ အနေနဲ့ ယူဆတာကြောင့် ဒီလုပ်ငန်းစဉ်မှာ ဝင်ပါခဲ့တာ ဖြစ်ကြောင်း CNF တွဲဘက် အထွေထွေ အတွင်းရေးမှူး ( ၁ ) ဒေါက်တာ ရွှေခါးက ဘီဘီစီကို ပြောပါတယ်။

အခုလို တဖက်မှာ ငြိမ်းချမ်းရေး ညှိနှိုင်းနေပေမယ့် တဖက်မှာလည်း CNF ပါဝင် ဖွဲ့စည်း ထားတဲ့ UNFC ( ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ) က ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းမယ်လို့ ထုတ်ဖေါ်ကြေညာလိုက်တာနဲ့ ပတ်သက်လို့တော့ ဒေါက်တာ ရွှေခါးဟာ ဒါဟာ လုပ်သင့် လုပ်ထိုက်တဲ့ လုပ်ဆောင်ချက် ဖြစ်ကြောင်းနဲ့ အပစ်ရပ်ပြီး နိုင်ငံရေး ဆွေးနွေးတဲ့ အချိန်မှာ သဘောတူချက် မရလာခဲ့ရင် ဆိုပြီး ပြင်ဆင်ထားတာ ဖြစ်ကြောင်း ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။