နောက်ဆုံး ရေးသားချိန် 27 နိုဝင်ဘာလ 2011 - 00:41 GMT

ကချင်စစ်ပြေးဒုက္ခသည်တွေ တရုတ်နယ်စပ်ထွက်ပြေး

Kachin

ကချင် စစ်ပြေး ဒုက္ခသည်များ

မြန်မာအစိုးရတပ်နဲ့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်တို့ကြား တိုက်ပွဲ တွေ ဆက်လက် ဖြစ်ခဲ့သလို စစ်ပြေး ဒုက္ခသည်တွေလည်း ဆက်လက် များနေဆဲ လို့ သိရပါတယ်။

အထူးသဖြင့် ကချင်ပြည်နယ် မန်စီမြို့နယ်တွေနဲ့ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ် တဝိုက်က ဒေသခံတွေဟာ စိုးရိမ်မှုတွေ ရှိနေကြသလို အများအပြားဟာ ဘေးလွတ်ရာ ထွက်ပြေး သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန်ဝိန်းကြီး ဒေသတဝိုက်က ဒေသခံတွေဟာ တရုတ်-မြန်မာနယ်စပ် နန်တောင်း ဘက်ဆီကို ဦးတည် ထွက်ပြေး တိမ်းရှောင် နေရပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူး ကြာသပတေးနေ့တွေက အစိုးရ စစ်တပ် စစ်ကားတွေ ပိုတွေ့လာရလို့ ပဋိပက္ခတွေ ပိုဖြစ်လာမလားဆိုပြီး စိုးရိမ်ကာ ပိုပြီး ထွက်ပြေးကြတယ်လို့ နန်တောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

နန်တောင်းဘက်မှာ ရက်ပိုင်းအတွင်း လူထောင်ဂဏန်းလောက် ထွက်ပြေးတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။

စစ်ပြေး ဒုက္ခသည်တွေအတွက် အကူအညီတွေ လိုအပ်မှု ရှိနေတယ်လို့လည်း ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။