နောက်ဆုံး ရေးသားချိန် 27 နိုဝင်ဘာလ 2011 - 00:40 GMT

လှေမှောက်လို့ လူအများအပြားသေ

Boat

စက်လှေနစ်မြုပ်မှုတွေ ခဏခဏဖြစ်ခဲ့

ရခိုင်ပြည်နယ် မောင်တော ဘက်ကနေ မလေးရှားကို ခိုးထွက်ဖို့ လုပ်တဲ့ စက်လှေ တစ်စီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ နစ်မြုပ်သွားတဲ့ အတွက် လူပေါင်း ၆၀ ခန့် သေဆုံးသွားတယ်လို့ ဒေသခံတွေ အပြော အရ သိရပါတယ်။

အဲဒီစက်လှေဟာ လူပေါင်း ၁၀၀ ကျော်ကို တင်ဆောင်ပြီး မောင်တောမြို့နယ် တောင်ပိုင်း အလယ် သံကျော်ကနေ လွန်ခဲ့တဲ့ အင်္ဂါနေ့ လောက်က မလေးရှားကို ထွက်ခွာ လာရာမှာ မြန်မာ ဘင်္ဂလား နယ်စပ် နတ်မြစ်ဝ အနီးမှာ နစ်မြုပ် သွားခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုအခါ မြန်မာဘက်က ပတင်းဆိုတဲ့ နေရာမှာ အလောင်း တစ်ချို့ ပေါလော ပေါ်လာသလို ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းမှာလည်း အလောင်းတွေ လာပေါ်တယ်လို့ သိရပါတယ်။

အခု ဘင်္ဂလားဒေ့ရှ်ဘက်က စိန့်မာတင်ကျွန်းမှာ လေး ငါး ခြောက်လောင်း ပေါ်တယ်၊ မြန်မာဘက်မှာလည်း ပေါ်တာတွေ ရှိပြီး ခုချိန်ထိ ၁၂ လောင်း ၁၃ လောင်း ပေါ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခု မြန်မာဘက်က သေဆုံးသွားတဲ့ သူတွေဟာ သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ ခံယူထားတဲ့ သူတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခင်းဖြစ်ပွားတဲ့ နေရာကို မောင်တော ခရိုင် ရဲတွေ အပါအဝင် ဌာနပေါင်းစုံ လာရောက် စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။