နောက်ဆုံး ရေးသားချိန် 25 နိုဝင်ဘာလ 2011 - 22:30 GMT

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)ဟု သတင်းစာများဖေါ်ပြ

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

နိုင်ငံတော်အေး ချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ ဖျက်သိမ်းပြီး ပြီးခဲ့တဲ့မတ်လက အစိုးရသစ်ကို အာဏာလွှဲလိုက်ကတဲက ပထမဆုံး အကြိမ်အဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ပုံတွေသတင်း မီဒီယာတွေမှာ ပြန်ထွက်ပေါ်လာပါတယ်။

နိုဝင်ဘာလ ၂၄ရက်ထုတ်အစိုးရ သတင်းစာတွေထဲမှာတော့ တရုတ်ပြည်မှပင့်ဆောင် လာတဲ့ ဗုဒ္ဓမြတ်စွယ်တော် အလှူငွေစါရင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) လို့ဖေါ်ပြထားပါတယ်။ ဒီလိုသတင်းတွေထဲမှာ တရားဝင်ရေးလာတဲ့အတွက် အများဝေဖန်နေသလို စစ်ခေါင်းဆောင်ဟောင်းတွေဟာ နောက်ကွယ်က ကြိုးကိုင်နေတယ် ဆိုတာ လက်တွေ့ဖြစ်နိုင်သလား။

ဒီအကြောင်း သမ္မတရဲ့ အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်ကတော့ အစိုးရသစ်ကို အာဏာလွှဲလိုက်ကတဲက ဗိုလ်ချုပ်မှူးကြီးတို့အနေနဲ့ အငြိမ်းစားယူသွားတာလို့ ဘီဘီစီကိုပြောပါတယ်။ နောက်တခါအများ ယူဆသလို စစ်ခေါင်းဆောင် ဟောင်းတွေက အစိုးရသစ်ပေါ် သြဇာလွှမ်းမိုးတယ်ဆိုတာ မဟုတ်ဘဲ အခြေခံဥပဒေနဲ့ အညီ သမ္မတနဲ့ အစိုးရအဖွဲ့က အသစ်ဆောင်ရွက်နေတာလို့ ပြောပါတယ်။

ထိုင်းအခြေစိုက် ဧရာဝတီသတင်း အယ်ဒီတာ ကိုအောင်ဇော်ကတော့ ဦးကိုကိုလှိုင်ပြောသလို အမှန်တိုင်းဖြစ်ရင် ကြိုဆိုရမှာ ဖြစ်ကြောင်း ဒါပေမဲ့ စစ်အာဏာရှင်တွေဟာ လွယ်လွယ်နဲ့ အာဏာမစွန့်သလို ပြုပြင်ပြောင်းလဲမှုတွေကို သမ္မတက ခပ်မြန်မြန်လုပ်ရင် ဦးသန်းရွှေတို့လို လူကြီးတွေကိုပြန်ခေါ်ချင်တဲ့ အုပ်စုရှိနေကြောင်း ဘီဘီစီကို ပြောပါတယ်။

ဒါကြောင့် စစ်မှုမထမ်း မနေရ ဥပဒေအရ တပ်မှ အငြိမ်းစားယူပြီး ၅နှစ်အတွင်း တာဝန်ထမ်းဖို့ ပြန်ခေါ်နိုင်တယ် ဆိုတဲ့ကိစ္စဟာ စစ်ခေါင်းဆောင်ဟောင်း တွေအတွက် ရည်ရွယ်ထားတာလို့ ကိုအောင်ဇော်က သုံးသပ်သွားပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။