နောက်ဆုံး ရေးသားချိန် 22 နိုဝင်ဘာလ 2011 - 15:38 GMT

မိတ်ဆွေများ ၁၀ ပါတီက NLD ကိုထောက်ခံ

NLD ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးကနေ ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်ခဲ့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မှတ်ပုံတင်ဖို့နဲ့ ရွေးကောက်ပွဲဝင်မယ့် အပေါ် လက်ရှိတရားဝင်နိုင်ငံရေး ပါတီတွေထဲက ဒီမိုကရေစီမိတ်ဆွေများ ၁ဝ ပါတီက ထောက်ခံကြိုဆိုလိုက်ပါတယ်။

'' အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပါတီစုံ ဒီမိုကရေစီ စည်းဝိုင်းအတွင်းသို့ ဝင်ရောက်၍ တရားဝင် နိုင်ငံရေးပါတီတခုအဖြစ် ရပ်တည် သွားမည်၊ ရွေးကောက်ပွဲလည်း ပါဝင်ယှဉ်ပြိုင် သွားမည်ဟု တရားဝင် အထင်အရှား ကြေညာ တွေ့မြင်ရပါသဖြင့် ကျွန်ုပ်တို့ ဒီမိုကရေစီ မိတ်ဆွေပါတီများက ဝမ်းမြောက်စွာ ကြိုဆိုအပ် ပါသည်။'' ဆိုပြီး သူတို့ရဲ့ကြေညာချက်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အလားတူပဲ နိုင်ငံရေးပါတီအဖြစ် နောက်ထပ် မှတ်ပုံတင်မယ့် ပါတီတွေကိုလည်း မိတ်ဆွေ ၁၀ ပါတီက ထောက်ခံကြောင်း သူတို့ရဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ နိုင်ဝင်ဘာ ၁၈ ရက် သောကြာနေ့က အစည်းအဝေးထိုင်ပြီး ပါတီမှတ်ပုံ ပြန်တင်ဖို့နဲ့ ရွေးကောက်ပွဲဝင်ဖို့ကို တညီတညွတ်ထဲ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။