နောက်ဆုံး ရေးသားချိန် 21 နိုဝင်ဘာလ 2011 - 00:49 GMT

ရှမ်းပြည်တပ်မတော်တောင်ပိုင်း အပစ်ရပ်သဘောတူ

SSA South

ကိုယ်စားလှယ်များ ဆက်ဆွဲနှုတ်ဆက်

မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ SSA တောင်ပိုင်းလို့ သိကြတဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ / ရှမ်းပြည် တပ်မတော် (RCSS/SSA) ကိုယ်စားလှယ် တွေဟာ နိုဝင်ဘာ ၁၉ ရက်က တွေ့ဆုံခဲ့ကြ ပြီး အပစ်ရပ်ကြဖို့ မူအားဖြင့် သဘောတူ လိုက်ကြပါတယ်။

SSA တောင်ပိုင်းအဖွဲ့ဟာ အရင် စစ်အစိုးရ လက်ထက်က ငြိမ်းချမ်းရေးယူတဲ့ အဖွဲ့ထဲမှာ မပါခဲ့ပါဘူး။ အခုတော့ အစိုးရသစ်နဲ့ ပထမဆုံး အကြိမ် အပစ်ရပ်ဖို့ သဘောတူတာ ဖြစ်ပါတယ်။

မြန်မာအစိုးရဘက်မှာ ရထားဝန်ကြီး ဦးအောင်မင်းက ဦးဆောင်ဆွေးနွေးခဲ့ပြီး RCSS/SSA အဖွဲ့ဘက်မှာတော့ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ် ဦးဆောင်ပြီး ဆွေးနွေးခဲ့တယ်လို့ RCSS/SSA ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဘီဘီစီကို ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ Euro Burma Office က ဦးဟန်ညောင်ဝေ၊ Myanmar Egress အဖွဲ့က ဒေါက်တာ နေဝင်းမောင်၊ ဒေါက်တာ ကျော်ရင်လှိုင် နဲ့ ဦးတင်မောင်သန်းတို့လည်း ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။

အပစ်ရပ်ဖို့ မူအားဖြင့် သဘောတူကြပေမယ့် တရားဝင် စာချုပ် ချုပ်ဆိုဖို့တော့ ထပ်မံ တွေ့ဆုံရဦးမယ်၊ နောက်လကုန်လောက် ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။

အစိုးရသစ်တက်လာပြီးနောက်ပိုင်း တိုင်းရင်းသားဒေသတချို့မှာ တိုက်ပွဲတွေ ပြန်ဖြစ် လာပေမယ့် လတ်တလောမှာတော့ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ် အဖွဲ့ဟာ တခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ နဲ့လည်း တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိတယ်လို့ သိရပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။