နောက်ဆုံး ရေးသားချိန် 21 နိုဝင်ဘာလ 2011 - 17:20 GMT

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်

ပါတီ အမှတ်တံဆိပ်ဖြစ်တဲ့ ခမောက်ပုံကိုလည်း ပြောင်းလဲမယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင် အရွေးခံမှာ ဖြစ်တယ်လို့ ပါတီ ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒါပေမယ့်လည်း ဘယ် မဲဆန္ဒ နယ်မြေကနေ ပါဝင်မယ် ဆိုတာကတော့ မဆုံးဖြတ်ရသေး ဘူးလို့ သိရပါတယ်။

ပါတီမှတ်ပုံပြန်တင်တဲ့အခါမှာတော့ NLD ပါတီ ဖွဲ့စည်းပုံ၊ မူဝါဒတွေကို ပြင်ဆင်ဖို့ရှိပြီး၊ ပါတီ အမှတ်တံဆိပ်ဖြစ်တဲ့ ခမောက်ပုံကိုလည်း ပြောင်းလဲမှာဖြစ်ပါတယ်။

ဒါပေမယ့် ပါတီအမည်ကိုတော့ အခုအတိုင်း ထားရှိမှာ ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ပါတီမှတ်ပုံတင်ဖို့ကိုတော့ မကြာခင် ရက်ပိုင်းအတွင်း အကောင်အထည်ဖေါ်တော့မှာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အနေနဲ့ လူငယ်တွေနဲ့ တိုင်းရင်းသားတွေကို ဦးစားပေး ဝင်အရွေးခံစေမှာ ဖြစ်ပြီး၊ ပါတီအပြင်က ဒီမိုကရေစီအရေး လှုပ်ရှားနေကြတဲ့ တခြား လူငယ်နိုင်ငံရေး တက်ကြွသူတွေကိုလည်း ဖိတ်ခေါ်မှာ ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။