နောက်ဆုံး ရေးသားချိန် 7 နိုဝင်ဘာလ 2011 - 17:42 GMT

နိုင်ငံရေး ပြောင်းလဲမှု အကြီးအမား လုပ်ခဲ့လို့ ဆို

ရွေးကောက်ပွဲ

စစ်တပ် ကိုယ်စားလည် က လွှတ်တော် မှာ ၂၅ ရာခိုင်နှုန်း နေရာ ကို ယူတဲ့ ဥပဒေ ကို ပြဌာန်းထား

ရွေးကောက်ပွဲ တနှစ် တာ ကာလ အတွင်း နိုင်ငံရေး အရ ပြောင်းလဲမှု တွေ အကြီး အမား ဖြစ်ပေါ် ခဲ့ကြောင်း မြန်မာ အစိုးရ အကြီးအကဲ ရဲ့ နိုင်ငံရေး အကြံပေး တဦး ဖြစ်တဲ့ ဒေါက်တာ နေဇင်လတ် က ဘီဘီစီ ကို ပြော ပါတယ်။

နိုင်ငံရေး နောက်က စီးပွားရေး ပြုပြင် ပြောင်းလဲ ရေး တွေ၊ လူမှုရေး ဆိုင်ရာ ပြောင်းလဲရေး တွေ တဖြည်းဖြည်း နဲ့ လိုက် လာပြီ လို့လည်း သူ က ဆိုပါတယ်။

အစိုးရ ရဲ့ ပြောင်းလဲမှု တွေ ဟာ အရင်အစိုးရ ရဲ့ လွှမ်းမိုးမှု အောက်က ရုန်းမထွက် နိုင် သေးဘူး လို့ မြင်ကြတဲ့ သူတွေ ကို တော့ အရင် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ခေတ် ၂၆ နှစ်၊ နောက် စစ်အစိုးရ အုပ်ချုပ်တဲ့ ခေတ် ၂၃ နှစ် စတဲ့ နှစ်ပေါင်းများစွာ ယဉ်ကျေးမှု တခု လို စွဲကျန် နေတဲ့ တွေးမြင်ပုံ စဉ်းစားပုံ တွေ ဟာ နေရာတိုင်း မှာ ရှိနိုင်သေး ပြီး ချက်ချင်း ပြောင်းလဲ ဖို့ ကတော့ မလွယ် သေးဘူး လို့ သမ္မတ အကြံပေး က တုန့်ပြန် ပြောဆိုပါတယ်။

ဒါပေမယ့် ပြောင်းလဲမှု တွေ ဟာ ရေရှည် တည်တံ့နိုင်တဲ့ အပြောင်းအလဲ တွေ လား၊ အခြေခံ လူထုတွေ နိုင်ငံရေး အရ၊ စီးပွားရေး အရ၊ လူမှုရေး အရ အခွင့် အရေး တွေ ခံစား နိုင်ကြ ပါ့မလား စတဲ့ အပေါ် တွေ မှာ တော့ မယုံကြည် နိုင်သူတွေ အများအပြား ရှိနေ ကြပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။