နောက်ဆုံး ရေးသားချိန် 6 နိုဝင်ဘာလ 2011 - 01:37 GMT

လယ်လုပ်သူ လယ်ပိုင်ခွင့် ပါတီတွေ ဆွေးနွေး

Rice Farmers

စပါးစိုက် တောင်သူများ

ဒီမိုကရေစီ မိတ်ဆွေ ပါတီများက ၁၀ ပါတီ စုပေါင်းပြီး လယ်သမားတွေ အရေးနဲ့ ပတ်သက်ပြီး တနင်္ဂနွေနေ့တုန်းက ရန်ကုန်မြို့မှာ ဆွေးနွေး ခဲ့ကြ ပါတယ်။

လယ်လုပ်သူ လယ်ပိုင်ရေးကိစ္စ၊ လယ်သမားတွေ လယ်သိမ်း ခံနေရတဲ့ကိစ္စ၊ ပဲတောင်သူတွေ အရှုံးပေါ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြ တယ်လို့ ဒီမိုကရက်တစ် ပါတီ (မြန်မာ) က အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်း နုက ဘီဘီစီကို ပြောပါတယ်။

ဒီမိုကရေစီမိတ်ဆွေပါတီများအဖွဲ့မှာ ဒီမိုကရက်တစ်ပါတီအပြင် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)၊ ရှမ်း၊ ရခိုင်၊ ချင်း စတဲ့ တိုင်းရင်းသား ပါတီတွေလည်း ပါဝင်ကြပါတယ်။

တောင်သူ လယ်သမားတွေရဲ့ အခွင့်အရေးတွေနဲ့ပတ်သက်ပြီး မိတ်ဆွေ ပါတီများ အဖွဲ့ကနေ အစိုးရဆီကို အကြံပြုတင်ပြသွားဖို့ ရှိတယ်လို့ ဒေါ်သန်းသန်းနုက ပြောပါတယ်။

တောင်သူတွေအနေနဲ့လည်း သူတို့ဆီကို လာပြီး တိုင်တန်းမယ်ဆိုရင် ပါတီတွေ စုပေါင်းပြီး ဆောင်ရွက်ပေးဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။