နောက်ဆုံး ရေးသားချိန် 5 နိုဝင်ဘာလ 2011 - 16:17 GMT

ပါတီမှတ်ပုံတင်ခြင်း ပြင်ဆင်သည့်ဥပဒေ အတည်ပြု

NLD အနေနဲ့ ပါတီမှတ်ပုံတင်/မတင် ကိစ္စကို လာမယ့် အင်္ဂါနေ့မှာ ဆွေးနွေးဖို့ရှိ

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကို သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်ကနေ သောကြာနေ့ က ထုတ်ပြန်လိုက်ပါတယ်။

ပြင်ဆင်လိုက်တဲ့ အချက်တွေထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက် ရမယ်ဆိုတဲ့ စကားရပ်အစား '' လေးစား လိုက်နာရေး'' နဲ့ အစားထိုးထားပြီး၊ ထောင်ဒဏ် ကျခံနေသူများ နိုင်ငံရေး ပါတီဝင် မဖြစ်ရဆိုတဲ့ ကန့်သတ်ချက်များကို ပယ်ဖျက်ထား ပါတယ်။

နောက်ပြီး ကြားဖြတ်ရွေးကောက်ပွဲတွေမှာ နိုင်ငံရေးပါတီအနေနဲ့ အနည်းဆုံး မဲဆန္ဒနယ် သုံးခုမှာ ဝင်ရောက် ယှဉ်ပြိုင်ရမယ် ဆိုတဲ့ အချက်ကိုလည်း ဖြည့်စွက်ထားပါတယ်။

ပါတီမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ အတည်ဖြစ်လာပြီဖြစ်တဲ့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေနဲ့ ပါတီမှတ်ပုံတင် - မတင်ကိစ္စကို လာမယ့် အင်္ဂါနေ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ထည့်သွင်း ဆွေးနွေးဖို့ရှိပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။