နောက်ဆုံး ရေးသားချိန် 14 အောက်တိုဘာလ 2011 - 17:24 GMT

အခြေခံဥပဒေအောက်မသွင်းဖို့ လူ့ဘောင်သစ် သတိပေး

၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလ လူ့ဘောင်သစ် ဆွေးနွေးပွဲ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် အတိုက်ခံ အဖွဲ့အစည်းတွေ ကို ၂၀၀၈ အခြေခံ ဥပဒေ ဘောင် အတွင်း သွတ်သွင်းဖို့ အစိုးရက ကြိုးစားနေတယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကပြောဆိုပြီး အဲသလို ဆောင်ရွက်ချက်တွေကို မပြုလုပ်သင့်ကြောင်း ဝေဖန်လိုက်ပါတယ်။

အောက်တိုဘာ ၁၄ ရက် သောကြာနေ့မှာ ကျရောက်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီရဲ့ မွေးနေ့မှာ ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ အခုလို ဝေဖန်လိုက်တာ ဖြစ်ပါ တယ်။

၂၀၀၈ အခြေခံ ဥပဒေကို မပြင်ဆင်ဘဲ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ဆိုတာ မဖြစ်နိုင်ဘူးလို့လည်း လူ့ဘောင်သစ် ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်က ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးသိန်းစိန် တွေ့ဆုံဆွေးနွေးတာကို ကြိုဆိုပေမဲ့ တဘက်သတ် အကြပ်ကိုင် တောင်းဆိုမှုတွေ လုပ်ရင် ဆွေးနွေးမှု ရပ်တန့်ပြီး အဆိုးဘက်ကို ရွေ့လျား သွားနိုင်တယ်လို့ ဆိုပါတယ်။

ညီညွတ်ရေးကို တည်ဆောက်ပြီး လူထုအားကို ရယူနိုင်ဖို့ အရေးကြီးတယ်လို့လည်း လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီက ဆိုပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။