နောက်ဆုံး ရေးသားချိန် 6 အောက်တိုဘာလ 2011 - 01:39 GMT

စီအာပီပီ ပြောင်းလဲဖို့ အစီအစဉ် ရှိမရှိ

_uayetharaung

စီအာပီပီ အဖွဲ့

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ စီအာပီပီ ရဲ့ လစဉ် ပုံမှန် အစည်းအဝေးမှာ မြန်မာနိုင်ငံတွင်း နိုင်ငံရေး အပြောင်းအလဲ တွေ ဖြစ်နေတဲ့ အခင်းအကျင်း ကြားမှာ အပြောင်းအလဲ အတွက် ပြင်ဆင်ထားချက် ကို အတွင်းရေးမှူး ဦးအေးသာအောင် နဲ့ ဘီဘီစီ ဆွေးနွေးပါတယ်။

အဓိက အချက် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးသိန်းစိန် တို့ရဲ့ ဆွေးနွေးချက် ပေါ် မူတည်ကြောင်း ဦးအေးသာအောင် က ပြောပြပါတယ်။

အစိုးရဖက် က အရင်ဆုံး ပြုပြင်ပြောင်းလဲမှု တွေ ပြသ ဖို့ လိုအပ်တဲ့ နေရာမှာ နိုင်ငံရေး အကျဉ်းသား တွေဖြစ်တဲ့ ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင် နဲ့ ကိုကိုကြီး အပြင် ၂ဝဝ၇ ခု သံဃာ့ လှုပ်ရှားမှု အတွင်း ဖမ်းဆီး ထောင်ချထားတဲ့ နိုင်ငံရေး အကျဉ်းသား တွေ ပြန်လွှတ် ပေးဖို့ရယ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ နဲ့ တိုက်ပွဲ တွေ ရပ်ပေးဖို့ လိုကြောင်း ဦးအေးသာအောင် က ပြောပါတယ်။

ဒါမှသာ ပြုပြင်ပြောင်းလဲရေး လမ်းစပေါ် ရောက်ပြီ လို့ သတ်မှတ်နိုင်ပြီး စီအာပီပီ ဖက်ကလည်း ပူးပေါင်း ဆောင်ရွက်ဖို့ ရှိကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။