နောက်ဆုံး ရေးသားချိန် 30 စက်တင်ဘာလ 2011 - 08:46 GMT

မြစ်ဆုံရေကာတာ ရပ်ဖို့ သမ္မတ ပြောပြီ

Myit Sone

မြစ်ဆုံစီမံကိန်းက ဧရာဝတီကို ခြိမ်းခြောက်နေတယ်လို့ ပြောကြ

မြန်မာသမ္မတ ဦးသိန်းစိန်က မြစ်ဆုံ ရေကာတာ စီမံကိန်းကို လက်ရှိအစိုးရ လက်ထက်တွင် ရပ်နားလိုက်ကြောင်း ကြေငြာလိုက်ပါတယ်။

လူထုရဲ့ ဆန္ဒနဲ့ ဆန့်ကျင်နေတာကြောင့် ရပ်တန့်တာလို့ ပြောပါတယ်။

ဒီမြစ်ဆုံရေကာတာဟာ လျှပ်စစ်ထုတ်လုပ်ပြီး တရုတ်ကို ရောင်းချဖို့ တရုတ်အစိုးရနဲ့ သဘောတူထားတဲ့ စီမံကိန်းပါ။ အမေရိကန် ဒေါ်လာ သန်း ၃၆၀၀ ကုန်ကျမယ့် စီမံကိန်း လည်း ဖြစ်ပါတယ်။

မကြာခင် ကာလတွေအတွင်း မြစ်ဆုံ ရေကာတာနဲ့ ပတ်သက်ပြီး လူထုကြားမှာ မကျေနပ်တဲ့ အသံတွေ များလာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း မြစ်ဆုံစီမံကိန်းကို ပြန်လည် သုံးသပ်ဖို့ မကြာခင်က ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

- - -

ဒီသတင်း အပြည့်အစုံကို ဒီည ထုတ်လွှင့်မယ့် အသံလွှင့်အစီအစဉ်မှာ စောင့်မျှော် နားဆင်နိုင်ကြပါတယ်။

bbc.co.uk navigation

BBC © 2012

ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။