နောက်ဆုံး ရေးသားချိန် 20 စက်တင်ဘာလ 2011 - 23:09 GMT

လယ်ယာပိုင်ဆိုင်ခွင့် ဥပဒေမူကြမ်းကိုအတည်ပြု

မြန်မာ လယ်သမားတွေနဲ့ လယ်ယာပိုင်ခွင့် ဥပဒေ

တောင်သူ လယ်သမားတွေ လယ်ယာပိုင်ဆိုင်ခွင့် ဥပဒေ မူကြမ်းကို ပြည်သူ့ လွှတ်တော်မှာ မနေ့က အတည်ပြုလိုက်ပြီလို့ သိရပါတယ်။ ဒီဥပဒေ မူကြမ်းမှာ ပါတဲ့ အရေးကြီးတဲ့ အချက်တွေနဲ့ ပတ်သက်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ဘီဘီစီ ကို ရှင်းပြပါတယ်။

လယ်သမားတွေ အချင်းချင်းကြား မှာ တဦးနဲ့ တဦး လွှဲပြောင်း ရောင်းချတဲ့ ကိစ္စမှာ သက်ဆိုင်ရာ မြေယာ ကော်မတီ မှာ လျှောက်ထားနိုင်တယ် လို့ မူကြမ်းမှာ ဖေါ်ပြထား ပါတယ်။

မြေသိမ်းခံရမှု အပိုင်းမှာလည်း နိုင်ငံတော် အစိုးရ လိုအပ်လို့ သိမ်းမယ် ဆိုရင် အောက်ခြေ အဆင့်ဆင့်က မြေယာ တိုင်းထွာ တင်ပြယင်း၊ နိုင်ငံတော် သမ္မတ က တာဝန် ပေးထားသူ ကသာ သိမ်းပိုင်ခွင့် ရှိကြောင်း လည်း ဉပဒေ မူကြမ်းမှာ ဖေါ်ပြထားကြောင်း ဦးရဲထွန်းက ရှင်းပြပါတယ်။

တကယ်လို့ ပုဂ္ဂလိက ကုမ္ပဏီ က လယ်ယာမြေ သိမ်းမှာကို ဒီဉပဒေ က ခွင့်မပြု သလို မတော်မတရား သိမ်းပိုက်ရင် ဒီဉပဒေ က အကာအကွယ် ပေးမှာ ဖြစ်တဲ့ အတွက်၊ လယ်သမားတွေ ပိုပြီး အခွင့်အရေး ရနိုင်ကြောင်း၊ ဒါပေမယ့် နည်းဉပဒေ တွေ ထပ်ပြုဖို့ လိုအပ်ကြောင်း၊ သိရပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။