နောက်ဆုံး ရေးသားချိန် 19 စက်တင်ဘာလ 2011 - 02:30 GMT

သာမန်ပြည်သူ အကျဉ်းသားလှူ

political_prisoners

အင်းစိန် အကျဉ်းထောင်

မြန်မာနိ်င်ငံမှာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေတဲ့ နိုင်ငံရေး အကျဉ်းသား တွေရဲ့ သာရေး နာရေး ကိစ္စရပ်တွေ ကို စာနာစိတ် နဲ့ စေတနာ အရ ကူညီ ဆောင်ရွက်ပေး နေတဲ့ လူငယ်သူငယ်ချင်း အုပ်စုတစု က စေတနာရှင် တွေဆီက အလှူငွေတွေ ကောက်ခံပြီး အကျဉ်းသားတွေ အတွက် အခု စက်တင်ဘာလ က စပြီး လစဉ် မှန်မှန် ထောက်ပံ့ပေး နိုင်အောင် ဆောင်ရွက်နေပါပြီ။

မနေ့က ဆိုရင် အကျဉ်သား ၃ဝ ကို တဦးလျှင် ကျပ်ငွေ တသောင်းဆီ ထောက်ပံ့ နိုင်ခဲ့ကြောင်း စေတနာရှင် တဉီး ဖြစ်တဲ့ မခင်ထားရီ က ဘီဘီစီ ကိုပြောပြ ပါတယ်။ အလှူငွေ ကောက်ခံ ရာမှာ လည်း၊ မိမိတို့ အိမ်ထောင်စု မှ စလို့ သူငယ်ချင်း အချင်းချင်းကြား၊ သာမန်ပြည်သူ တွေ ကြားမှာပါ ကောက်ခံ ခဲ့ပုံ ကိုလည်း ရှင်းပြပါတယ်။

ကင်ဆာရောဂါရှင် ကိုဇော်လင်းထွန်း ကို ဆိုရင် အင်းစိန်ဆေးရုံ မှာ ကျပ်ငွေ ငါးသောင်းခွဲ သွားရောက် လှူနိုင် ခဲ့ပါတယ်။ မိသားစုဝင် တွေ အနေနဲ့ လည်း၊ စားဝတ်နေရေး ကျပ်တည်း ကြလို့ ထောင်ဝင်စာ မသွားနိုင်ကြပါဘူး။ အထူးသဖြင့် ဘုန်းတော်ကြီးတွေ ကို ဆိုရင် လှူမဲ့သူ မရှိကြပုံ၊ အဲဒီ အတွက် သာမန်လက်လုပ် လက်စားတွေ ကိုယ်တိုင် လူတန်းစား ပေါင်းစုံက သူတို့မလုပ်နိင်တာ ကို လုပ်ပေးတဲ့ သူတွေ အဖြစ်၊ လစဉ် လှူမယ့် အကြောင်း ပြောပြ ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။