နောက်ဆုံး ရေးသားချိန် 19 စက်တင်ဘာလ 2011 - 15:51 GMT

ကားသစ် ပါမစ်ရဖို့ ကားဟောင်းတွေ တန်းစီ

Burma Bus

မြန်မာ နိုင်ငံမှာ သက်တမ်း လွန်နေတဲ့ ကားတွေကို ဆက်ပြီး အားထားနေ ရပါတယ်

မြန်မာ အစိုး ရက အိုမင်း နေတဲ့ ကားဟောင်း တွေကို သိမ်းပြီး ကားသစ် ပါမစ် ထုတ်ပေး မယ့် အစီ အစဉ်ကို တနင်္လာ နေ့မှာ စတင် လိုက်တာ မို့ ကားဟောင်း ပိုင်ရှင် တွေ ရန်ကုန် မြို့မှာ ရှိတဲ့ လိုင်စင် ရုံးမှာ လာရောက် တန်းစီ ခဲ့ကြ ပါတယ်။

မကြာသေးခင်ကမှ ကားဟောင်း တစင်းကို ဝယ်ထားပြီး ပိုင်ရှင် အမည်ပြောင်းဖို့ အဲဒီရုံးကို သွားရောက် ခဲ့သူက ကားသွင်းခွင့် လိုင်စင် ရဖို့ လာကြသူတွေ ကို ရာနဲ့ချီ ပြီး တွေ့မြင် ခဲ့ရတယ်လို့ ပြောပါတယ်။

ခန့်မှန်းခြေ အစင်းရေ ၁၀၀ လောက်ရှိမယ့် ကားတန်းကြီး ထဲမှာ ခေတ်ဟောင်းက ဆီဒင်၊ ချက်ပလက်၊ ဗောက်စ်ဝက်ဂွန် နဲ့ မာဇဒါ လေးဘီးကားတွေ အများအပြား တွေ့ခဲ့တယ်လို့ သူက ဆိုပါတယ်။

ပထမရက်မှာ ကားသွားအပ်တဲ့ သူတွေကို လိုင်စင်ရုံးက ပြေစာတခု ထုတ်ပေးပြီး နောက်ထပ် ဆက်လုပ်ရမယ့် အဆင့်တွေ အတော်များများလည်း ကျန်သေးတယ်လို့ ဆိုပါတယ်။

အစိုးရရဲ့ အစီအစဉ်အရ သက်တမ်း နှစ် ၄၀ ကျော် ကြာပြီဖြစ်တဲ့ ကားတွေကို ပထမဆုံး ဦးစားပေးပြီး ကားသစ်နဲ့ လဲလှယ် ဝယ်ယူနိုင်အောင် ပါမစ် တွေ ထုတ်ပေး မယ်လို့ ဆိုပါတယ်။

ဒီအစီ အစဉ်ကြောင့် ကားဟောင်းတွေ စျေး နှစ်ဆလောက် ရုတ်တရက် ထိုးတက် သွားခဲ့တယ်လို့ ကားအရောင်းအဝယ် လုပ်သူတွေက ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။