နောက်ဆုံး ရေးသားချိန် 17 စက်တင်ဘာလ 2011 - 15:09 GMT

မြစ်ဆုံဆည် ဆွေးနွေးပွဲ

kachin

မြစ်ဆုံဆည် စီမံကိန်း

စက်တင်ဘာလ ၁၇ ရက်၊ နေပြည်တော်မှာ ကျင်းပတဲ့ မြစ်ဆုံဆည် စီမံကိန်းနဲ့ ပတ်သက်ပြီး အမှတ် ၁ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနက ဦးဆောင်ပြီး ဆွေးနွေးပွဲ တရပ် ကျင်းပခဲ့ပါတယ်။

ဒီဆွေးနွေးပွဲ ကို မြစ်ဆုံ နဲ့ ပတ်သက်ပြီး သုတေသန ပြုလုပ်ခဲ့သူတွေ၊ လျှပ်စစ်ဌာန၊ သစ်တောဌာန အပါအဝင် ဝန်ကြီးတွေ တက်ရောက်ခဲ့ သလို သတင်းသမား တွေလဲ ဝင်ရောက် မေးမြန်း နိုင်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲ အပြီးမှာတော့ မြစ်ဆုံနဲ့ ပတ်သက်ပြီး ပိုပြီး အသေးစိတ် အချက်တွေ သိနိုင်အောင် ထပ်မံ လေ့လာ သုတေသန ပြုဖို့ လိုအပ်သလို အများပြည်သူ ရဲ့ အသံ နဲ့ ဒေသခံ တွေရဲ့ သဘောထားတွေ ပိုပြီးရယူ ဖို့ လိုအပ်နေသေး တယ်လို့ နိဂုံးချုပ် ကောက်ချက် ချသွားတယ် လို့ သိရပါတယ်။

ကချင် ဖွံ့ဖြိုးရေး ကွန်ယက်က ဦးအောင်ဝါ ကလဲ စီမံကိန်း နယ်မြေ ဒေသခံ တွေကို မြေနေရာ အစားထိုး ပေးပေမယ့် အနေအထိုင်၊ အစားအသောက် နဲ့ ကျန်းမာရေး အဆင်မပြေ ကြောင်းတွေ သိခဲ့ရပုံ ကို ဘီဘီစီ ကို ပြောပြ ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။