နောက်ဆုံး ရေးသားချိန် 17 စက်တင်ဘာလ 2011 - 01:09 GMT

မြန်မာ ကုလ ကော်မရှင် UK တိုက်ခံ တိုက်တွန်း

Clinton and Rudd

နိုင်ငံခြားရေး ဝန်ကြီး နှစ်ယောက် တွေ့ဆုံစဉ်

မြန်မာ နိုင်ငံတွင်း စစ်ရာဇဝတ်မှု ကျူးလွန် ခြင်း ရှိမရှိ ကုလသမဂ္ဂက ကော်မရှင် ဖွဲ့ပြီး စုံစမ်း စစ်ဆေးဖို့ ကိစ္စကို ယူကေ အစိုးရကို တိုက်တွန်းမယ်လို့ အတိုက် အခံ တွေက ပြောပါတယ်။

ယူကေ အတိုက်အခံ လေဘာ ပါတီ နိုင်ငံခြားရေး တာဝန်ခံ ဒေါက်ဂလပ် အလက်ဇန်းဒါးက လက်ရှိ ယူကေ ညွန့်ပေါင်း အစိုးရကို တခြား အီးယူ နိုင်ငံတွေနဲ့ ပေါင်းပြီး အရေးဆိုဖို့ တောင်းဆို လိုက်ပါတယ်။

တဘက်မှာ သြစတြေးလျနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေက မြန်မာ အစိုးရကို အနှစ်သာရ ရှိတဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ ထင်သာ မြင်သာ ရှိတဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်ဖို့ တောင်းဆို လိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် သြစတြေးလျ နိုင်ငံကို ရောက်တုန်း မှာ နှစ်ဘက် နိုင်ငံခြားရေး ဝန်ကြီးတွေ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။