
အီလက်ထရောနစ် ပုဒ်မနဲ့ ၁၀ နှစ် ထပ်ချတဲ့ အတွက် စုစုပေါင်း ၁၈ နှစ်ဖြစ်သွားပါတယ်
၂၀၁၀ ရန်ကုန်သင်္ကြန် X2O ရေကစား မဏ္ဍပ် ဗုံးကွဲမှုမှာ ဓာတ်ပုံရိုက်ယူလို့ အဖမ်းခံထားရတဲ့ ကိုစည်သူဇေယျကို အရင်က စီရင်ချက် ချပြီးဖြစ်တဲ့ ပုဒ်မ ၂ ခု အပြင် ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးက နောက်ထပ် အီလက်ထရောနစ် ပုဒ်မနဲ့ ထောင်ဒဏ် ၁၀ နှစ် ထပ်တိုး ချမှတ်လိုက် ပါတယ်။
အရင် ပုဒ်မ နှစ်ခုကတော့ နယ်စပ်ဖြတ်ကျော်မှု၊ မတရားအသင်း ဆက်သွယ်မှုတို့ဖြစ်ပြီး အဲဒီ အမှုနှစ်ခုအတွက် ထောင်ဒဏ် ၈ နှစ် ချထားခဲ့ ပြီး ဖြစ်ပါတယ်။
အခု အီလက်ထရောနစ် ပုဒ်မနဲ့ ၁၀ နှစ် ထပ်ချလိုက်တဲ့ အတွက် ကိုစည်သူဇေယျဟာ စုစုပေါင်း ၁၈ နှစ် ကျခံရမှာ ဖြစ်ပါတယ်။
ကိုစည်သူဇေယျနဲ့ သူ့ရဲ့ဖခင် ဦးဇေယျတို့ နှစ်ဦးစလုံးဟာ ၂၀၁၀ ဧပြီလက ဖမ်းဆီးခံခဲ့ကြ ရတာ ဖြစ်ပါတယ်။
ဖခင်ဖြစ်သူ ဦးဇေယျကိုလည်း ၂၀၁၁ ဖေဖေါ်ဝါရီလက တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ မတရားအသင်း ဆက်သွယ်မှု၊ အီလက်ထရောနစ် ပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၃နှစ် ချမှတ် ခဲ့ပြီး၊ အခုသူဟာ သီပေါထောင်မှာ ထောင်ဒဏ် ကျခံနေရပါတယ်။

