
မြန်မာ့အရေး ကို အလေးမထားလို့ EU ကိုဝေဖန်
မြန်မာနိုင်ငံမှာ Crimes against humanity ခေါ် လူသားထု အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု တွေကို ကုလသမဂ္ဂ က ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် COI ဖွဲ့စည်းရေးကို ဉရောပသမဂ္ဂ EU အနေနဲ့ ထောက်ခံသင့်တဲ့ အကြောင်း Amnesty International နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ကြီးက ဝေဖန် လိုက်ပါတယ်။
မြန်မာ့ အခြေအနေ ကို စောင့်ကြည့်ဦးမယ် ဆိုတဲ့ EU ရဲ့ သဘောထားဟာ တာဝန်မယူလိုတဲ့ သဘော သက်ရောက်ကြောင်း Amnesty International မှ မြန်မာနိုင်ငံ ဆိုင်ရာ သုတေသီ Benjamin Zawacki က ဧရာဝတီ မဂ္ဂဇင်း မှာ ရေးထားလို့ EU ဟာ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ရဲ့ ဆုံးဖြတ်ချက် မူကြမ်းကို ရေးဆွဲ ရမှာ ဖြစ်လို့ အခုလို ဝေဖန်ရပုံ ကို ဘီဘီစီ ကို ရှင်းပြပါတယ်။
စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးဟာ အရေးကြီးတဲ့ အထဲမှာ မြန်မာ့ဖွဲ့စည်းပုံ အခြေခံ ဉပဒေပုဒ်မ ၄၄၅ အရ မြန်မာအစိုးရ က လူသားထု အပေါ် ကျူးလွန်သူတွေကို အရေးယူဖို့ ဆန္ဒ မရှိတာကို Benjamin Zawacki က ဘီဘီစီ ကို ထောက်ပြပါတယ်။ အခုအချိန်မှာ လဲ တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ ဆင်နေခြင်းဟာလဲ လူသားထု အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု အသွင်ဆောင် နေဆဲ လို့ ဆိုသွားပါတယ်။

