နောက်ဆုံး ရေးသားချိန် 5 စက်တင်ဘာလ 2011 - 17:24 GMT

ပြည်ထောင်စု လွှတ်တော်က အခွန် ဥပဒေပြင်ဖို့ အတည်ပြု

Parliament

လွှတ်တော် မှာ ဥပဒေတွေ ကိုစပြင်နေပြီ

ပြည်ထောင်စု လွှတ်တော်ကို စတင် ကျင်းပတဲ့ ပထမ နေ့မှာဘဲ အခွန်နဲ့ ပတ်သက်တဲ့ ဥပဒေ ငါးခုကို ပြင်ဆင်ဖို့ အတည် ပြုနိုင် ခဲ့တယ်လို့ လွှတ်တော် ကိုယ်စားလှယ် တဦးက ပြော ပါတယ်။

အမြတ်ခွန် ဥပဒေ၊ ကုန်သွယ် လုပ်ငန်းခွန် ဥပဒေ၊ တံဆိပ်ခေါင်း ဥပဒေ၊ ဝင်ငွေခွန် ဥပဒေ စတာတွေ ပါဝင် တဲ့ အခွန်ဥပဒေ တွေထဲကတချို့ကို ပြင်ဆင် ဖို့နဲ့ တချို့ကို ဖျက်သိမ်း ဖို့ ဘဏ္ဍာရေး နဲ့ အခွန် ဝန်ကြီးက တင်ပြ ထားတာကို ပြည်ထောင်စု လွှတ်တော်က အတည် ပြုလိုက်တာ ဖြစ်ပါတယ်။

ဒီဥပဒေ တွေဟာ လွှတ်တော် အသစ် ပေါ်ပေါက် လာပြီး ပထမဆုံး အတည် ပြုခဲ့တဲ့ ဥပဒေ တွေလည်း ဖြစ်ပါတယ်။

အခွန် ဥပဒေ တွေထဲက အမြတ်ခွန် ဥပဒေ ကို ရုပ်သိမ်း လိုက်လို့ စီးပွားရေး လုပ်ငန်း တွေအတွက် အကျိုးရှိ နိုင် လိမ့်မယ်လို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ပြောပါတယ်။

တနင်္လာနေ့ မှာ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ သစ်တော ဝန်ကြီး ဌာန ကို ပတ်ဝန်းကျင် ထိမ်းသိမ်းရေး နဲ့ သစ်တော ဝန်ကြီး ဌာန လို့ အမည် ပြောင်းဖို့ အတွက် လည်း အတည်ပြု ခဲ့ကြ ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။