နောက်ဆုံး ရေးသားချိန် 4 စက်တင်ဘာလ 2011 - 14:47 GMT

ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး ဂျာနယ်မှာ ဖော်ပြခွင့်ရ

Aung San Suu Kyi

အစိုးရသစ် က ဒေါ်အောင်ဆန်း စုကြည်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ဖော်ပြခွင့် ပေးလာ

ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံ မေးမြန်း ခန်းကို ထည့်သွင်း ဖော်ပြ ထားတဲ့ Messenger သတင်း ဂျာနယ်ကို ဒီတပတ် မှာ စတင် ဖြန့်ချိ နေပြီလို့ အဲဒီ သတင်းဌာန အယ်ဒီတာ တဦးက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရသစ် လက်ထက်မှာ ဒေါ်အောင်ဆန်း စုကြည် နဲ့ပတ်သက်တဲ သတင်းတွေကို ဖော်ပြခွင့် ပေးလာခဲ့ ပေမယ့် ပြည်တွင်း ဂျာနယ်တခုမှာ အင်တာဗျူး အသွင်နဲ့ ဖော်ပြခွင့် ရတာဟာ ဒါ ပထမဆုံး ဘဲလို့ သူကဆိုပါတယ်။

အဲဒီ တွေ့ဆုံမေး မြန်းခန်းမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ လူငယ်တွေ နဲ့ ပတ်သက်တဲ့ သဘောထား အမြင်နဲ့ အကြံ ပေးချက် တွေကို မေးမြန်း ထားပြီး ဒေါ်အောင်ဆန်း စုကြည် ကလည်း ကျယ်ကျယ် ပြန့်ပြန့် ပြန်လည် ဖြေကြား ထားတယ်လို့ အဲဒီ အယ်ဒီတာ က ပြောပါတယ်။

အခုလို သတင်း ဖော်ပြခွင့် တွေ ပေးလာတဲ့ အတွက် အစိုးရသစ် လက်ထက် မှာ စာပေ စိစစ်ရေး ရဲ့မူဝါဒ တွေ အများကြီး ပြောင်းသွား ပြီလို့ မြင်ကြောင်း သူက ပြောခဲ့ ပါတယ်။

နောက်ပိုင်း မှာလည်း ဒေါ်အောင်ဆန်း စုကြည်ရဲ့ နိုင်ငံရေး နဲ့ ပတ်သက်တဲ့ အမြင် အယူ အဆ တွေကိုပါ တဖြည်းဖြည်း ဖော်ပြခွင့် ရလာ လိမ့်မယ်လို့ မျှော်လင့် ကြောင်း Messenger ဂျာနယ် အယ်ဒီတာ က ပြောပြခဲ့ ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။