နောက်ဆုံး ရေးသားချိန် 8 သြဂုတ်လ 2011 - 02:11 GMT

လုပ်ခတိုးတောင်းလို့ အလုပ်ထုတ်ခံရ

ရတနာကျွန်း ဟော်တယ်ကို အဝေးက မြင်ရပုံ

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် အတွင်း မှာရှိတဲ့ ရတနာကျွန်း ဟိုတယ်၀န်ထမ်းတွေက ထိုင်းနိုင်ငံသား အလုပ်ရှင်ချမှတ် ထားတဲ့ အလုပ် သမား ခံစားခွင့်နဲ့ အညီ လုပ်အားခ တိုးတောင်း ရာက အလုပ်ကနေ ထုတ်ပယ် ခံလိုက်ရ တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံသားပိုင် ရတနာကျွန်း ဟိုတယ်ဟာ မြန်မာပိုင် ကော့သောင်း ရေလယ်ကျွန်း မှာ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။

ကာစီနိုနဲ့ တခြား လောင်းကစားဝိုင်းတွေ ဖွင့်ထားတဲ့ ဟိုတယ် ဖြစ်ပါတယ်။

အလုပ်သမားတွေက လစာ တိုးတောင်းတာနဲ့ ပတ်သက်ပြီး၊ အလုပ်ရှင် ချမှတ်ထားတဲ့ အတိုင်း တောင်းတာလို့ အလုပ်သမားတွေနဲ့ ဆွေမျိုး တော်စပ်သူ တဦးက ပြောပြပါတယ်။


အလုပ်က ထုတ်ပယ်ခံရသူ (၄)ဦးရှိပြီး၊ ဒါနဲ့ ပတ်သက်လို့ မကြေနပ်ဘဲ အလုပ်မဆင်းသူတွေ လဲ ရှိပါတယ်။

အလုပ်သမား တွေဟာ ကော့သောင်း ကနေ ရတနာကျွန်းကို ဖယ်ရီလှေနဲ့ နာရီဝက်သွားရပြီး အလုပ်ချိန်(၁၂)နာရီ ထိ အလုပ်လုပ် ရတာ ဖြစ်ပါတယ်။

လစာ ကတော့ ဘတ်ငွေ(၄၅၀၀) ရပြီး၊ ဝန်ထမ်း (၇၀)ကျော်ရှိကာ ခုလို အလုပ်သမား ထုတ် ပယ်ခံရတာနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေး သွားတာသာရှိပြီး အလုပ်သမား တွေဘက် က ရပ်တည် ဖြေရှင်း ပေးသူ မရှိတဲ့ အကြောင်းလဲ ပြောပါ တယ်။


ခုအလုပ် ထုတ်ခံရတဲ့ လူငယ်တွေဟာ အလုပ်လက်မဲ့ ဖြစ်သွားရသလို နစ်နာကြေးလဲ မရကြ ပါဘူး။ အလုပ်ရှင် ကလဲ ကော့သောင်မြို့မှာ အလုပ်အကိုင် ရှားပါးနေချိန် အာဏာ ပိုင်တွေနဲ့ ပြေလယ်သူ ဖြစ်တာမို့ ခုလိုလုပ်ရပ်မျိုး လုပ်တာလို့ မြိုခံတွေက ပြောပါတယ်။

အလုပ်သမားနဲ့ မြို့ခံ တွေကတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက အလုပ်ရှင် အလုပ်သမား မနစ်နာရအောင် ၀င်ရောက်ညှိနိုင်း ပေးစေချင်တယ်လို့ ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။