နောက်ဆုံး ရေးသားချိန် 7 သြဂုတ်လ 2011 - 01:40 GMT

အခြေ​ခံ​ဥပဒေ​ပါ အခွင့်​အရေး အတွက် ပါ​တီ​ထောင်

အရင် ဝံသာနု NLD ကနေ ခွဲထွက်ပြီး PDP လို့ ခေါ်တဲ့ ပြည်သူ့ ဒီမိုကရေစီပါတီကို ခွဲထွက်ထောင်တာမှာ အခုတော့ ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

president thein sein

သမ္မတ ဦးသိန်းစိန် ပြောတာတွေ ကောင်းတယ်၊ ဒါပေမဲ့ လက်တွေ့မဖြစ်လို့ ပါတီထောင်တာလို့ဆို

သမ္မတ ဦးသိန်းစိန် နိုင်ငံအခြေပြ မိန့်ခွန်းမှာ ပြောခဲ့တဲ့ အချက်အလက်တွေ အပြင်မှာ တကယ် မဖြစ်တာကို တည့်မတ်ဖို့၊ တခါ အခြေခံ ဥပဒေပါ အခွင့်အရေးတွေ မရဘဲ ပြည်သူ နစ်နာနေတာတွေကို ကာကွယ်ပေးဖို့၊ အခွန်တွေ မကောက်သင့်ဘဲ ကောက်လို့ ပြည်သူတွေ စီးပွားရေး လူမှုရေး နစ်နာနေတာတွေကို ဖြေရှင်းဖို့ ပါတီ ထောင်တာလို့ PDP ပါတီရဲ့ ခေါင်းဆောင် ဒေါက်တာ သန်းထိုက်ဦးက ဘီဘီစီကို ပြောပါတယ်။

တခါ တိုင်းပြည်မှာ ငြိမ်းချမ်းရေးရဖို့အတွက်ဆိုရင် စစ်တပ်ဟာ ဘယ်ပါတီကိုမှ ကျောထောက် နောက်ခံ မပြုရဘူးလို့လည်း သူက ဆိုပါတယ်။

တိုင်းပြည်မှာ ဖြစ်နေတဲ့ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းရမယ်၊ လက်နက်ကိုင် တိုင်းရင်းသားတွေကလည်း ငြိမ်းချမ်းရေးအတွက် ပါတီထောင် ရွေးကောက်ပွဲဝင်လို့ ဆောင်ရွက်ကြသင့်တယ်လို့ ဒေါက်တာ သန်းထိုက်ဦးက ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။