နောက်ဆုံး ရေးသားချိန် 7 သြဂုတ်လ 2011 - 15:10 GMT

ရှစ်လေးလုံးနဲ့ အနုပညာရှင်များ ရဲ့အခန်း ကဏ္ဍ

8888

၈ လေးလုံး ဆန္ဒပြမှု တွေမှာ လူတန်းစား အစုံ ပါဝင် ခဲ့ကြ ပါတယ်

မြန်မာ့ နိုင်ငံရေး စံနစ် ပြုပြင် ပြောင်းလဲ ဖို့ အတွက် ပြည်လုံးကျွန် ဆန္ဒပြ ခဲ့ကြတဲ့ ၈ လေးလုံး အရေးအခင်းမှာ လူတန်း စား အစုံ ပါဝင်ခဲ့ကြ တဲ့အထဲမှာ အနုပညာသမား တွေလည်း ပါဝင် ခဲ့ကြပုံကို မဇ္စျိမလှိုင်း တေးဂီတ အဖွဲ့က ဂီတ ပညာရှင် ကိုရဲလွင်က ပြန်ပြော ပြခဲ့ ပါတယ်။

စတီရီယို တေးသံရှင်များ အဖွဲ့ ဆိုပြီး သူတို့ စတင် ဆန္ဒပြ ခဲ့ကြစဉ် က နောက်ဆုံးမှာ ပြည်သူတွေ ဘက်က နိုင်လိမ့်မယ်လို့ သူတို့ယူဆ ခဲ့ကြတယ်လို့ ကိုရဲလွင်က ပြောပါတယ်။

နောက်ပိုင်း စစ်တပ် အာဏာ သိမ်းလိုက်တဲ့အခါ မှာတော့ အနုပညာရှင်တွေ လည်း အုပ်စုကွဲ သွားတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် အစိုးရက မြေကွက်ပေးတာမျိုး အခွင့်အရေး ပေးတာမျိုးတွေနဲ့ စည်းရုံးပြီး အသုံးချ ခဲ့တာတွေ ရှိတယ်လို့ လည်း ကိုရဲလွင်က ပြောပြခဲ့ ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။