နောက်ဆုံး ရေးသားချိန် 6 သြဂုတ်လ 2011 - 00:47 GMT

တစညနဲ့ ကျားဖြူပါတီ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေး

NUP

တစည ပါတီ အလံ

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) နဲ့ ရှမ်း တိုင်းရင်းသားများ ဒီမို ကရက်တစ် ပါတီလို့ ခေါ်တဲ့ ကျားဖြူ ပါတီတို့ဟာ နှစ်ပါတီ တွေ့ဆုံခဲ့ကြပြီး လက်ရှိ မြန်မာ့ နိုင်ငံရေးမှာ အဓိက အခန်းကဏ္ဍက ပါနေတဲ့ တိုင်းရင်းသား ဒေသတွေက တိုက်ပွဲတွေ ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး ရရှိရေး အတွက် ဆွေးနွေးခဲ့ ကြပါတယ်။

''ငြိမ်းချမ်းမှုနဲ့ ပတ်သက်လို့ နှစ်ဦး နှစ်ဘက်စလုံးက လိုလားပါတယ်။ ဒီသဘောထားတွေ ကျွန်တော်တို့ ဆွေးနွေးလို့ ရပါတယ်'' လို့ တစည ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဟန်ရွှေက ဘီဘီစီကို ပြောပါတယ်။

''တစ်ဘက်နဲ့ တစ်ဘက် အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျွန်တော်တို့ ဖြစ်စေချင်ပါတယ်။ နိုင်ငံရေးနည်းလမ်း ညှိနှိုင်းရေးနည်းလမ်းနဲ့ သွားခြင်းဟာ အကောင်းဆုံးလို့ပဲ ကျွန်တော်တို့ ထင်ပါတယ်။''

ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်းရင်းသားပြဿနာတွေမှာ သူပါဝင် ဆောင်ရွက်ပေး လိုတယ်လို့ မြန်မာအစိုးရဆီ ကမ်းလှမ်းခဲ့ဘူးတာနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ တစညပါတီက သူတို့ပါတီရဲ့ တိုင်းရင်းသားရေးရာ မူဝါဒနဲ့ ဘုံတူညီမှုရှိရင် အားလုံးနဲ့ အတူပူးပေါင်း ဆောက်ရွက်မှာ ဖြစ်တယ်လို့ ဦးဟန်ရွေက ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။