နောက်ဆုံး ရေးသားချိန် 3 သြဂုတ်လ 2011 - 16:39 GMT

မြန်မာအတွက် ရုရှားတိုက်လေယာဉ်တွေ ပြီးစီးတော့မယ်

မြန်မာနိုင်ငံမှာ လေယာဉ် ပြန်သန်းမှုတွေ တောင် လုပ်နေပြီလို့ RSK ကပြောပါတယ်

ရုရှားလေယာဉ်ထုတ်လုပ်ရေး ကော်ပိုရေး ရှင်း RSK က မြန်မာနိုင်ငံနဲ့ ချုပ်ဆိုထား တဲ့ MiG-29SE တိုက်လေယာဉ် အစီး ၂၀ ထုတ်လုပ် ရောင်းချရေး စာချုပ်ပါ လုပ်ငန်း တွေ အောင်မြင် ပြီးစီးတော့မယ်လို့ ပြောကြား လိုက်တာကို ရုရှားစစ်ဖက် ဆိုင်ရာ သတင်းအေဂျင်စီ တခုမှာ ဖေါ်ပြ ထားပါတယ်။

RSK ရဲ့ ဒီဇိုင်းထုတ်လုပ်ရေး အင်ဂျင်နီရာဌာန ဒါရိုက်တာ ဗလာဒီမာ ဘာကိုဗ်စကီးက သတင်း ထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပြီး၊ မြန်မာနိုင်ငံအတွက် စုစုပေါင်း တိုက်လေယာဉ် အစီး ၂၀ ထုတ်လုပ်ရောင်းချပေးတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ပထမဆုံး လေယာဉ် ၃ စီးကိုတော့ မြန်မာနိုင်ငံကို ပို့ဆောင်ခဲ့ပြီးဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ လေယာဉ် ပျံသန်းမှုတွေတောင် လုပ်နေပြီလို့ RSK ရဲ့ ကိုယ်စားလှယ်က ပြောကြောင်း သတင်းမှာ ဖေါ်ပြထားပါတယ်။

ကျန်ရှိနေသေးတဲ့ လေယာဉ်အားလုံးကိုတော့ လာမယ့် ၂၀၁၂ ခုနှစ်ထဲမှာ အကုန်ပို့ပေးမယ် လို့လည်း သိရပါတယ်။

ဗြိတိသျှမဂ္ဂဇင်းတစောင်ဖြစ်တဲ့ Flight International မှာ အစောပိုင်း ဖေါ်ပြထားရာမှာတော့ မြန်မာနိုင်ငံအတွက် ရုရှားလုပ် MiG-29SE တိုက်လေယာဉ်တွေကို မတ်လ ကတည်းကစပြီး ပို့ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။